# Unicode Version #
My Boo
Ep - 34အသီးအရွက်ထမင်းကြော်ဖို့ ပြင်ဆင်နေတာကို ကူညီပေးဖို့လုပ်နေတာကြောင့် ခါးကနေပွေ့ချီမပြီး စားပွဲခုံပေါ်တင်ကာ အတင်းထိုင်ခိုင်းထားရသေးသည်
သဲ မပင်ပန်းရအောင် ကိုယ်ပဲအပင်ပန်းခံမှာ.. ယုံ...
လှည့်ထွက်ချိန် လက်ကိုလှမ်းဆွဲလာတဲ့ လက်လေးကြောင့် လှီးလက်စ တန်းလန်းဖြစ်နေတဲ့ စားပွဲပေါ်က အသီးအရွက်တွေကို ခနတာ မေ့ထားလိုက်သည်
လက်လေးပေါ်မှ ပြန်အုပ်ကိုင်လိုက်ရင်း..
* ကို လဲ မဟုတ်ဘူး.. ဘာလို့ ကိုး လို့ခေါ်တာလဲ? ** ကို ဆိုတာ လူတိုင်းခေါ်နေတာလေ။ သူများတွေနဲ့ မတူအောင် ခေါ်ချင်တာ..။ အာ့ကြောင့် ကိုး လို့ခေါ်တာ.. *
ခေါင်းအသာညိတ်ရင်း သူလေးပြောတာကိုနားထောင်နေလိုက်သည်။
ကျွန်တော့် အသဲလေးရဲ့ လက်လေးကို မယူကာ အသာခပ်ဖွဖွ နမ်းနေရင်းပေါ့..* ကိုး.. ခုဘာဆက်လုပ်မှာလဲ? ဘာလုပ်ဖို့ စီစဉ်ထားလဲ? *
* သဲနဲ့ကိုယ်က ချစ်သူတွေဆိုတာကို media တွေ ရှေ့မှာ ဖွင့်ပြောမယ်။ အဲ့ဒါမတိုင်ခင် သဲကို မဟုတ်မမှန်သတင်းတွေနဲ့ စွပ်စွဲလို့မရအောင် ပြင်ဆင်ရမယ်။ သဲက ကိုယ့်တစ်ယောက်ထဲရဲ့ အချစ်ခံလေးပဲ မဟုတ်ဘူး.. လူတိုင်းရဲ့ အချစ်နဲ့ ထိုက်တန်တဲ့ အချစ်ခံလူတန်းစားလေး.. ။ ဒါ့ကြောင့် သဲကို လူတွေ အထင်အမြင်မလွဲစေချင်ဘူး။ *
* ကိုး omma သဘောကျအောင် ဘာလုပ်ရမလဲဟင်.. *
* omma..? *
* အင်း.. ကိုးရဲ့omma ကိုပြောတာ..
သဲ ဘာတွေဆင်ခြင်ရမယ်၊ ရှောင်ရမယ် ဆိုတာ ပြောပြ..။ ဒါမှ ကိုးရဲ့ omma က သဲကို သဘောကျပြီး လက်ခံလာမှာပေါ့။ ** ဘာမှ မလိုဘူး..။ သဲကြိုက်သလိုနေ.. သဲစိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ကိုယ့်omma အပေါ်ဆက်ဆံ *
* ဟင်.. အဲ့လိုလုပ်လို့ သဘောမကျရင် ဘယ်လိုလုပ်မလဲ *
* omma က ပုံမှန် အမေတွေနဲ့တော့ မတူဘူး။ စီးပွားရေးပဲ စိတ်ဝင်စားလို့လားတော့ မသိဘူး.. သာမန်အမေတွေလို မဟုတ်တာတော့ သေချာတယ်။ အမှန်တိုင်းပြောရရင် omma ဘာသဘောကျလဲဆိုတာတောင် ကိုယ်မသိဘူး။ *
VOCÊ ESTÁ LENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfic"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...