#Unicode Version#
My Boo
Ep - 33
* အခု အရပ်ညီသွားပြီမလား.. ကိုယ့်သဲ~~ *
* အင်း~~ ညီသွားပြီ~~ *
jihyo လက်နှစ်ဖက်ဖြင့် kwang soo မျက်နှာကို အသာထိတွေ့ကြည့်နေမိသည်
* ဒီနဖူးက တအားအရေးအကြောင်းတွေများတာပဲ.. နောက်ဆို မျက်မှောင်သိပ်မကြုတ်နဲ့.. *
မွ~~
ပြောလဲပြော.. လက်လေးဖြင့် တို့ထိနေရင်းက နှုတ်ခမ်းလေးဖြင့် နဖူးအား အသာဖွဖွနမ်းလာသည်..
* ပြီးတော့.. ဒီမျက်ခုံးတန်းကြီးနှစ်ခု တအားသဘောကျတာပဲ.. *
မွ~~ မွ~~
မျက်ခုံးတစ်ဖက်စီကို အနမ်းတစ်ချက်စီ..
* ဒီမျက်လုံးလေးတွေလဲ ချစ်တယ်.. *
မွ~~ မွ~~
နောက်ထပ် အနမ်းနှစ်ပွင့်..
* ဒီနှာခေါင်းတန်း.. *
မွ~~
နှာဖျားလေးပေါ် အနမ်းကျလာသည်
ကျွန်တော့်မျက်ခုံးတို့က အလိုမကျသလို တွန့်ချိုးလာတော့ သူလေးမေးလာသည်
* အရပ်သား.. ဘာလို့လဲ? ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ? *
* နှာခေါင်းက ဘာလို့တစ်ခုပဲရှိရတာလဲ.. *
* အမ်..? *
* ဟုတ်တယ်လေ.. နှစ်ခုရှိရင် အာဘွားနှစ်ခါရမယ့်ဟာကို..
ခုတော့ တစ်ခုပဲရှိလို့ တစ်ခါပဲရတော့တယ်.. *
ကျွန်တော့်အပြောကြောင့် သူလေးရယ်သည်မှာ ကိုယ်လုံးလေးက တလှုပ်လှုပ်နဲ့..
သူ့ကို ဖက်ထားတဲ့ ကိုယ့်ရင်တစ်ခုလုံးလဲ ကဆုန်ပေါက်လို့..
သိပ်မလှုပ်နဲ့ ကိုယ့်အသဲ.. ဆွဲစားမိလိမ့်မယ်..
* ဟိတ်.. ဘာတွေတွေးနေတာလဲ?
မျက်နှာကြီးက တည်လို့.. *
* ဘာတွေးလဲ ပြောပြရမလား *
ဇာတ်ကားတွေထဲကလို ဗီလိန်အပြုံးမျိုး ပြုံးပြီး မေးလိုက်တော့ ခေါင်းလေးကို ခပ်သွက်သွက်ခါပြသည်
BẠN ĐANG ĐỌC
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
