#Zawgyi
My Boo
Ep - 39* internet မှာ ထွက်လာတဲ့ အသံ file က အကြောင်းအရာတွေက တကယ့်အမှန်တရားတွေပါလား မင်းသမီး jeon somin *
somin pov - ဒီသတင်းထောက်က ဘာဖြစ်နေတာလဲ? ငါ့ကို အကြပ်ရိုက်စေမယ့် မေးခွန်းတွေချည်း ရွေးမေးနေသလိုပဲ။ အခုလဲ ဘာတွေလာမေးနေပြန်တာလဲ?
somin မန်နေဂျာက somin ရှေ့မှ ကာရပ်လိုက်ကာ...
* တောင်းပန်ပါတယ် သတင်းထောက်များခင်ဗျား.. ပွဲကို ဒီမှာရပ်သိမ်းလိုက်ပါပြီ။ သိချင်တာများထပ်ရှိရင် agency ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ somin.. ၀င်ရအောင် *အတင်းဆွဲကာ စင်နောက်ပို့နေသော မန်နေဂျာကြောင့် ဘာပြဿနာဖြစ်မှန်းမသိပေမယ့် somin စင်နောက်ထဲဝင်ရန်ပြင်လိုက်စဉ်မှာပင်..
* သတင်းအမှန်ပေါ်လာလို့ ရှောင်ပြေးတာပါလား မင်းသမီး jeon somin *
သူ့ကို ရှောင်ပြေးတယ်လို့ပြောလာတဲ့စကားသံကြောင့် မေးခွန်းမေးလာသူကို လှည့်ကြည့်လိုက်တော့ ထိုသတင်းထောက်ပဲ ဖြစ်နေပြန်သည်။
* သတင်းထောက်ကြီး ဘာပြောချင်တာပါလဲ။ ဘာကိုမေးချင်နေမှန်းကို နားမလည်တော့လို့ ဘာပြန်ဖြေရမလဲ မသိတော့လို့ပါ *
* တကယ်ပဲ မသိတာလား? မဖြေချင်လို့ မသိချင်ယောင်ဆောင်နေတာလားဆိုတာ မင်းသမီးကိုယ်တိုင်ပဲ သိမယ်ထင်ပါတယ် *
ပြန်ပြောရန်ပြင်နေသော somin ကို မန်နေဂျာက လှမ်းတားလိုက်ရင်း..
* somin ၀င်ရအောင်။ agency က ပွဲကိုရပ်ပြီး ပြန်လာဖို့စာလှမ်းပို့ထားတယ်။ သွားရအောင်။ *ဘေးနားကနေ တတွတ်တွတ်ပြောပြီး ဆွဲခေါ်နေတဲ့ မန်နေဂျာလက်မှ somin ရုန်းလိုက်သည်။
ဒီသတင်းထောက်က သူ့ဒေါသကို လာလာဆွနေသည်။* မေးချင်တာကို ပွင့်ပွင့်လင်းလင်းမေးလိုက်ပါ သတင်းထောက်ကြီး! အခုတော့ ဘာပြောချင်နေမှန်းကို မသိနိုင်လို့ပါ *
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...