10
Unicode version
* အဟားးဟားးဟားး..ခစ်..ခစ်.. *
* ထိုးလိုက်! ဟုတ်ပြီ.. ရှောင်လေ..! အာ..! *
* ဟယ်..သေပါပြီ! ဓားထိုးမိသွားပြီ..! *
* ငါ့မင်းသားလေး သနားပါတယ်.. *
* အာ့မင်းသမီးကလဲ ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့..! မင်းသားနှစ်ယောက်လုံး ငါမင်းသမီးလေး ယူလိုက်ရ..! *
ဟုတ်ကဲ့..
ဘာသံတွေလို့ ထင်ပါသလဲ..?မန်နေဂျာအကိုပေါ့ဗျာ..
အဲ့ဒီ မင်းသမီးလေးပျင်းမှာစိုးလို့တဲ့.. tablet ပေးထားတယ်လေ..
ဇာတ်ကားတွေလဲ ထည့်ပေးထားတာစုံနေတာပဲ..
အဲ့ဒီကားတွေကို ထမင်းစားတဲ့အချိန်နဲ့ ရှူးရှူးထပေါက်တဲ့ အချိန်ကလွဲရင် တနေကုန်ကို ထိုင်ကြည့်နေတာပါဗျာ..အိပ်ချိန်တောင်မအိပ်ပဲ ကြည့်နေလို့ ရုပ်က မျက်တွင်းဟောက်ပက်ဖြစ်နေပြီလေ..
သြော် tablet က အားမကုန်ဘူးလားလို့မေးလိုက်လား..?
ဟုတ်ကဲ့ အစစအရာရာ စေ့စပ်တဲ့ အကိုက tablet သုံးနည်းသာမက အားသွင်းပုံကိုပါ သူလေးကို သင်ပေးထားလို့ အားသွင်းကြိုးတန်းလန်းနဲ့ ကြည့်နေတာပါဗျ..
သြော်..ဒါနဲ့ ရှူးရှူးဆိုလို့ပြောရဦးမယ်..
ဒီပိစိလေး toilet မသုံးတတ်လို့ သင်ပေးရသေးတယ်..
အဲ..ကျွန်တော်တော့မဟုတ်ပါဘူး..အကို့ညီမက သင်ပေးတာပါ..ကျွန်တော် ရှူတင်သွားတဲ့ချိန်ဆို သူလေးတယောက်ထဲကျန်ခဲ့ရင် ပျင်းမှာစိုးလို့ ခနခေါ်ထားတာပေါ့..( အမှန်တော့ အိမ်ကိုဇောက်ထိုးဖြစ်အောင် လုပ်ထားမှာစိုးတာပါ ) တခါခံရြပ်ီးသွားတော့ မှတ်မိတာပေါ့ဗျာ..။
ုဖြစ်ပုံက ဒီလိုဗျ..တခါ အကိုလဲ မရှိတဲ့အချိန်.. ကျွန်တော်ကလဲ ဟင်းချက်ဖို့လိုတာလေးရှိလို့ သူလေးကိုတယောက်ထဲ ထားခဲ့ပြီး အနားက စတိုးဆိုင်လေးကို ခနထွက်သွားမိပါတယ်..
တကယ်..ခနလေးပါ..ပြန်လဲရောက်ရော..
TV ကလဲ လဲကွဲ
ဆိုဖာတွေလဲ ပေါက်ပြဲ
အိမ်က အလှပန်းအိုးတွေလဲ ကွဲကြေ
တမြတ်တနိုးထားပြီး အလှဆင်ထားတဲ့ ဗီဒိုနာရီကြီးဆိုတာ တစစီမှ တကယ်တစစီဖြစ်လို့..
ကျွန်တော့်ရဲ့ ဆုတံဆိပ်လေးတွေဆို ကျိုးကြေလို့..
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfic"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...