<<zawgyi>>
#ကြာပြီဆိုတော့ မေ့လောက်ပါပြီ 😢😢
#တကယ်မေ့ရဘူးနော် 😓😓* somin.. phone လာနေတယ် *
* ဘယ်သူတဲ့လဲ oppa *
* မသိဘူး somin ကို ပေးပေးပါတဲ့။ personal case လို့ပြောတာပဲ *
မန်နေဂျာက နားနေခန်းထဲသို့ ၀င်လာကာ ringtone မြည်နေသော phone ကို လာပေးလေသည်။
သတင်းစာရှင်းလင်းပွဲစဖို့ မိနစ်အနည်းငယ်သာ လိုတာကြောင့် phone နံပါတ်ကို မကြည့်ပဲ ယူကိုင်လိုက်သည်။
* သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ဖို့ တောင်းဆိုချင်ပာတယ် မင်းသမီး jeon somin *
ထူးဆန်းသောစကားကြောင့် phone ကို ကြည့်လိုက်သော်လည်း မသိသောနံပါတ်သာ ဖြစ်နေသည်။
* ဘယ်သူလဲ? ဘာလို့ဖျက်သိမ်းခိုင်းနေတာလဲ? *
* သြော်.. မိတ်ဆက်ဖို့မေ့သွားလို့ပါ။
ကျွန်မက LK company ရဲ့ အတွင်းရေးမှူး yoon ပါ။ lee kwang soo အမေရဲ့ အတွင်းရေးမှူးဆို မှတ်မိမယ်ထင်ပါတယ်။ မင်းသမီး အခုလုပ်ဖို့ကြံစည်နေတဲ့ကိစ္စက lee kwang soo ကိုပါ ထိခိုက်နိုင်တာကြောင့် ရပ်လိုက်ပါလို့ CEO က ပြောခိုင်းလိုက်လို့ပါ ** oppa အမေရဲ့ အတွင်းရေးမှူး ? နေပါဦး.. ကျွန်မရဲ့ သတင်းစာရှင်းလင်းပွဲက ဘာလို့ kwang soo oppa ကို ထိခိုက်ရမှာလဲ? *
* တကယ်ပဲ kwang soo အကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ထည့်မပြောမှာ သေချာရဲ့လား? အခုတောင် kwang soo နောက်ကို လိုက်နေတဲ့ သတင်းထောက်ရှိနေတာ။ အဲ့ဒီ သတင်းထောက်ကလဲ မင်းသမီးနဲ့ အတော်လေးရင်းနှီးတဲ့ သတင်းထောက်ဟန်ဆိုတော့.. *
somin pov - ငါက သတင်းထောက်ဟန်ကို song jihyo နောက်ကိုလိုက်ဖို့ပြောထားတာပါ.. ။ မဟုတ်မှ အဲ့မိန်းမက oppa နဲ့ တူတူရှိနေတာလား! ဒီမိန်းမတော့!
* အခု ထွက်နေတဲ့သတင်းတွေက ဖန်တီးလုပ်ကြံထားတယ်ဆိုတော့ကာ.. မင်းသမီးလုပ်မယ့် ရှင်းလင်းပွဲကလည်း အတုအယောင်ဆိုတာ မမေ့သင့်ဘူး ထင်ပါတယ် *
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...