<< unicode version >>
kwang soo ပွေ့လျက်သားနဲ့ပင် လူအုပ်ကြားမှ တိုးထွက်ဖို့ ပြင်လိုက်သည်။
bodyguard တွေ အလျင်အမြန်အနားရောက်လာကာ ဘေးပတ်ပတ်လည်ကနေဝန်းရံပြီး kwang soo တို့ သွားရအဆင်ပြေစေရန် လမ်းရှင်းပေးကြသည်။
kwang soo မန်နေဂျာကတော့ ခေါင်းကုတ်ရင်း ပွဲကျင်းပသည့်နေရာမှာသာ ကျန်နေခဲ့ရသည်။
ဒီအဖြစ်အပျက်ကြီးကို ရှင်းဖို့နည်းလမ်းရှာရဦးမည် မဟုတ်ပါလား..။
...
လူအုပ်ကြီးက တဖြည်းဖြည်းများလာတာမို့ လမ်းရှင်းပေးတဲ့သူတွေလဲ မနိုင်ဖြစ်လာသည်။
ကျွန်တော့်ရင်ခွင်ထဲမှာငြိမ်နေတဲ့ ကောင်မလေးကို ငုံကြည့်လိုက်မိသည်။
ဒီကောင်မလေးက အဲ့လောက်ငြိမ်နေတော့ ထူးဆန်းလာသလိုတောင် ခံစားရသည်။
ကျွန်တော်သိချင်စိတ်နဲ့ သူ့မျက်နှာလေးကို မြင်ရမလားဆိုပြီး ငုံ့ကြည့်လိုက်မိချိန်_
Oppa!!!!!
အော်သံနဲ့အတူ အနောက်ကနေပြေးလာကြသော ကျောင်းသူအဖွဲ့လိုက်ကြီးကြောင့် bodyguard တွေ ဟန်ချက်ပျက်ကာ kwang soo ကို ဝင်တိုက်မိတာကြောင့်~~
ပြွတ်စ်~~
အိ~~
( အဟီးးး ခနခန မွမွ နေလို့ စိတ်ဆိုးသွားကြပြီလားဟင်..😁😁 အီသွားမှာစိုးလို့ မုန်တိုင်းလေး ရောပေးရမလားဟင် 😁😁 )
သူ့ပါးဖွေးဖွေးအိအိလေးပေါ်သို့ ကျွန်တော့်နှုတ်ခမ်း အလည်ရောက်သွားတဲ့အရှိန် ပြင်းတာကြောင့် သူ့ဆီက " အိ " ဆိုတဲ့ အသံလေးနဲ့အတူ မျက်စောင်းပါ ဒိုင်းခနဲ ရောက်လာသည်။
မတော်တဆဖြစ်မှန်းမသိပဲ အားကျသွားကြသောသူတွေရဲ့အသံက စီခနဲ ထွက်လာသည်။
ဟယ် အာဘွားပေးလိုက်တယ် ကြည့်စမ်း~~
Ro လိုက်တာဟယ်~~
လူအများကြီးကြားမှာ ပေးလိုက်တာကြည့်စမ်း~~
မိုက်တယ်ကွာ~~
ကောင်မလေးကို အားကျလိုက်တာ~~
ဘေးပတ်ပတ်လည်က အော်ဟစ်ဆူညံသံတွေနဲ့ ကင်မရာမီးတွေကြောင့် သူလေးဒေါသက ကျွန်တော့်ဆီမှအာရုံပျောက်ကာ..မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်ကာ လန့်နေပုံရသည်။
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...