ကိုးးးရဲ႕သဲ Ep - 30

314 10 2
                                    

30

unicode version

# စိတ်ပူတာလား?
ကိုယ်တိုင်လာ ဂရုစိုက်ပေးပါ #

တံခါးဖွင့်နေတဲ့အသံကြောင့် ဧည့်ခန်းတွင်ထိုင်နေရာမှ ပြေးသွားမိသည်
တံခါးနားရောက်ခါနီးမှ အရှိန်သတ်ကာ နံရံကိုမှီပြီး ရပ်နေလိုက်သည်

အရပ်သားကို မျှော်နေတဲ့ပုံစံမပေါ်အောင်နေရမယ်..
အပြုအမူတွေက အရမ်းသိသာလို့မဖြစ်ဘူး..

ပွင့်သွားတဲ့တံခါးနဲ့အတူ ဝင်လာတာက မန်နေဂျာ soo jong..

* jihyo.. တံခါးနားမှာ ဘာရပ်လုပ်နေတာလဲ?
ဘာစားပြီးပြီလဲ? Oppa ညစာဝယ်လာတယ်
မစားရသေးဘူးမလား? လာလေ စားရအောင် *

soo jong တံခါးပြန်ပိတ်လိုက်သည့်တိုင်.. အခြားတစ်ယောက်များထပ်ဝင်လာမလား မျှော်မိသည်
သို့သော်.. တံခါးက ပိတ်မြဲပိတ်လျှက်..
တိတ်ဆိတ်မြဲ တိတ်ဆိတ်လျှက်..

စားစရာတွေပြင်ဆင်ပြီး ပန်းကန်တွေထဲထည့်နေတဲ့ soo jong နား သွားရပ်ကာ ကူပေးနေလိုက်သည်
အရပ်သားအကြောင်း မေးချင်သော်လည်း..
ဘယ်က စမေးရမှန်းမသိဖြစ်နေတာကြောင့်
ပန်းကန်ကောက်ကိုင်လိုက် ပြန်ချလိုက်
ဇွန်းကောက်ကိုင်လိုက် ပြန်ချထားလိုက် ဖြစ်နေမိသည်

...

* jihyo ဘာဖြစ်နေတာလဲ?
စိတ်နဲ့လူနဲ့ မကပ်သလိုပဲ? ဘာဖြစ်လို့လဲ? *

ကျွန်တော့်အမေးကြောင့် ခေါင်းလေးမော့ပြီးကြည့်လာသည့် jihyo ရဲ့ မျက်လုံးလေးတွေ မို့အစ်တာကို သတိထားမိလိုက်သည်
kwang soo သာ မြင်ရင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်မလဲ..

* soo jong.. *

jihyo က ဘယ်တော့မှ oppa ထည့်မခေါ်တာကို သိတာမို့ ကျွန်တော်လဲ အလိုက်သင့်သာ ပြန်ထူးလိုက်သည်

* အင်း.. ပြော.. *

* ဟို.. ဟိုလေ..
ဟို.. soo jong တစ်ယောက်တည်း ပြန်လာတာလား..? *

* ပြန်လာတာ မဟုတ်ဘူး ပြန်သွားရဦးမှာ
ရိုက်ကူးရေးတွေ မပြီးသေးဘူး jihyo ရဲ့..
ခုပြန်လာတာကလဲ jihyo တစ်ယောက်ထဲဆို မှာပြီးစားရတာ အဆင်မပြေမှာစိုးလို့ ဝယ်ပြီးလာပေးတာ.. *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Nơi câu chuyện tồn tại. Hãy khám phá bây giờ