Unicode version
* ji ဘယ်ရောက်နေတာလဲ..?
ji ပျောက်သွားလို့ ကိုယ်လိုက်ရှာနေတာ.. *
* ဟင်.. gi kwang!
ဟို.. ငါမင်းသမီးလေးက
ဟိုနား ဒီနား လျှောက်ပတ်ကြည့်နေတာ..
တကယ်.. တကယ်ပြောတာ..
တကယ် တယောက်ထဲသွားတာ *
မျက်လုံးအဝိုင်းသားလေးနဲ့
'တကယ်' ဆိုတဲ့စကားလုံးကို
ထပ်တလဲလဲပြောနေတဲ့ jihyo ကြောင့်
gi kwang ရယ်မိရသည်
* အင်းပါ..
ji သွားကြည့်ချင်တဲ့အချိန်
သွားကြည့်လို့ ရပါတယ်
ကိုယ်က လမ်းပျောက်လို့
ပြန်မလာတတ်ဘူးထင်ပြီး စိုးရိမ်နေတာ..
တော်သေးတာပေါ့ ji ပြန်ရောက်လာလို့..
ကိုယ်က ဒီတခန်းရိုက်ပြီးရင်
လိုက်ရှာတော့မလို့..
မဖြစ်ဘူး.. ji ကို ဆက်သွယ်လို့ရအောင် phone ဝယ်ပေးထားမှထင်တယ်
ji ဆီမှာ tablet ပဲရှိတာဆိုတော့
ကိုယ် phone ဝယ်ပေးမယ်လေ.. *
* ဘာကိစ္စ မင်းက ဝယ်ပေးမှာလဲ?
ငါဝယ်ပေးမှာပေါ့..
မင်းသမီးလေးနဲ့ ပတ်သတ်သမျှ
လိုအပ်တာအားလုံး ဖြည့်ဆည်းပေးမယ့်
ငါတယောက်လုံးရှိနေတာပဲ *
* kwang soo hyung..
hyung ကို စောနက
ဒါရိုက်တာကြီး ရှာနေတယ်..
တွေ့ပြီးသွားပြီလား *
* အင်း..
ဇာတ်ညွှန်းလေးနဲနဲ ပြင်ထားတာရှိလို့ ခေါ်ပြတာ
jihyo မအေးဘူးလား..
ကို်ယ့်အနွေးထည်ယူထားလိုက်
ကိုယ်က ခနနေ အဝတ်လဲရတော့မှာ.. *
ပြောရင်းအနွေးထည်ချွတ်ကာ
ခြုံပေးဖို့ပြင်နေတဲ့ kwang soo ကို
gi kwang တားလိုက်ကာ_
* ခန ခန.. နေပါဦး
ကျွန်တော့်မန်နေဂျာကို
hyung က ဘာလို့ဂရုစိုက်နေတာလဲ?
ကျွန်တော့်မန်နေဂျာကို
ကျွန်တော်ပဲ ဂရုစိုက်ပါ့မယ်
hyung ရဲ့ အပြုအမူကြောင့်
ji အတွက် ပြဿနာတွေ အခက်အခဲတွေ
တွေ့လာနိုင်တယ်ဆိုတော့ ဆင်ခြင်ပေးပါ *
* ဘာ?! ဘာသဘောနဲ့ပြောတာလဲ? *
အလိုမကျစွာမေးတော့ gi kwang က kwang soo နောက်ကျောဘက်ကို မေးငေါ့ပြကာ_
* ဟိုမှာလေ ပြဿနာရှာမယ့်သူ လာနေပြီ *
* မင်း ဘယ်သူကိုပြော.. *
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
