ကိုးးးရဲ႕သဲ Ep - 26

377 16 1
                                        

Unicode version



* somin..
ဆိုင်ထဲကထွက်လာပြီ
အသင့်ပြင်ထား.. ထား.. *

တီ....

* ဒီမင်းသမီးကတော့လေ
ဘယ်တော့မှ ယဉ်ကျေးမှုမရှိဘူး!
ပြောတာတောင် မဆုံးသေးဘူး..
ဖုန်းကိုချပစ်တယ်
ငါက သူ့မန်နေဂျာလေ နည်းနည်းတော့ အလေးထားသင့်တာပေါ့!

angency ကလဲ တခြားမင်းသမီးပြောင်းပြီး တာဝန်ပေးပါဆို.. မပြောင်းပေးဘူး
အေးလေ.. ငါမို့လဲ သူ့ဒဏ်ခံနိုင်တာ..

တခြားဘယ်သူမှ
သူ့ကို သည်းခံနိုင်မှာ မဟုတ်ဘူး

အခုလဲ ဘာတွေကြံနေပြန်ပြီလဲ မသိဘူး
သူဘာကြံကြံ ငါ့လဲပြောတာမဟုတ်ပါဘူးလေ..
ငါက သူခိုင်းသလို လိုက်လုပ်ရုံပဲရှိတာ

ခုလဲ အဆင်သင့်သွားစောင့်နေဦးမှပါ *

.....

somin အကျႌနှင့် ဆံပင်ကို
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်

ထို့နောက် လက်ထဲတွင် အထုပ်များဆွဲကာ
ထောင့်အကွယ်မှ ထွက်လိုက်ရာ
အမျိုးသမီးတယောက်ကို ဝင်တိုက်မိသွားလေသည်

ဘုန်း!!

အင့်!!

တိုက်မိသော အရှိန်ကြောင့်
somin ရော ထိုအမျိုးသမီးပါ
အနောက်သို့ထိုင်ရက် လဲသွားလေသည်

somin လက်ထဲမှ အထုပ်များကို ပစ်ချပြီး
အမျိုးသမီးရှိရာဆီ ပြေးသွားပြီး
မတ်တပ်ထနိုင်ရန် ထူပေးကာ ဦးညွတ်လိုက်သည်

* ဟယ်.. အဆင်ပြေရဲ့လားရှင့်
ရုတ်တရက် ထွက်လိုက်မိတာ
တိုက်မိသွားတယ်
တောင်းပန်ပါတယ်နော်..

ဘယ်နားနာသွားသေးလဲရှင့်.. *

အမျိုးသမီး၏ အနောက်တွင်ပါလာသော
မိန်းကလေးက somin ကို လက်ကာပြလိုက်သည်

* ရတယ် ရတယ်
ကျွန်မတို့ ဂရုစိုက်လိုက်ပါ့မယ်

CEO အဆင်ပြေရဲ့လား *

မိန်းကလေး မေးတာကို
အမျိုးသမီးက ခေါင်းကို အသာညိတ်ပြသည်

* မဟုတ်တာ..
ကျွန်မကြောင့် ဖြစ်သွားတာဆိုတော့
ကျွန်မ တာဝန်ယူရမှာပေါ့..

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Место, где живут истории. Откройте их для себя