ကိုးးးရဲ႕သဲ Ep - 32

337 12 13
                                    

#unicode version #

* somin က သူစိမ်းမဟုတ်ဘူး
အနာဂတ်ချွေးမလောင်း *

တံခါးဝဆီလှမ်းနေတဲ့ kwang soo ခြေလှမ်းတို့ရပ်တန့်သွားကာ omma ရှိရာ အနောက်သို့ခေါင်းစောင်းကြည့်လိုက်ရင်း

* omma ရွှေ့တဲ့အကွက်တွေ အရင်နဲ့မတူပဲ အရမ်းဆန်းနေပါလား..
မဖြစ်နိုင်တာတွေ မတွေးပါနဲ့.. ပင်ပန်းလိမ့်မယ် *

omma ဆီမှ ပြန်တုံ့ပြန်တာကို မစောင့်တော့ပဲ
တံခါးကို ဖွင့်ပြီး kwang soo ထွက်သွားလိုက်သည်

ဘယ်သူမှ မကြောက်ရင်တောင်မှ သူ့မင်းသမီးလေးကိုတော့ ကြောက်ရမည်လေ... မြန်မြန်ပြန်မှပါ..



....................................................................................

* oppa.. kwang soo oppa.. *

အနောက်မှလိုက်လာတဲ့ somin ကြောင့်
kwang soo ခြေလှမ်းတို့ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်
omma လူနာခန်းက ဘယ်လောက်ပဲ VVIP အခန်းဖြစ်နေပါစေဦး သတင်းထောက်တွေကိုတော့ သတိထားရမည်

* jeon somin! သတင်းထောက်တွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ! ဘာလို့ ငါ့နာမည်အော်ပြီး လိုက်နေတာလဲ! မဟုတ်မမှန်သတင်းတွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ! *


* သတင်း..? သတင်းလား..
ထွက်ပြီးနေပြီလေ ဒီမှာ.. *

somin က phone ကို လှမ်းပေးလာတာကြောင့်
kwang soo ယူကြည့်လိုက်တော့
မြင်လိုက်ရသည့်သတင်းတွေက စိတ်ပျက်စရာ

သူနဲ့ somin ပြန်တွဲနေပြီဖြစ်ကြောင်း..
သူ့အမေနဲ့ somin အကြားတွင် ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း..
မကြာခင် လက်ထပ်ဖို့ကြေညာနိုင်ချေရှိကြောင်း..
စတဲ့ သတင်းခေါင်းစဉ်များစွာကို  ဓာတ်ပုံအထောက်အထားများဖြင့် တင်ထားကြသည်ကိုတွေ့လိုက်ရသည်

* jeon somin! အဲ့ဒါ မင်းလက်ချက်မလား!
ငါဒီသတင်းတွေကို ဒီတိုင်းထားမယ်များ ထင်နေလား! ဒါတွေက မမှန်ဘူးဆိုတာ ငါ့ agency ကနေ ချက်ချင်းထုတ်ပြန်မှာ! *

soo jong hyung ကို kwang soo ချက်ချင်းဖုန်းခေါ်လိုက်သည်
* hyung သတင်းတွေတက်လာတာ တွေ့လား..
Angency က ချက်ချင်းမဖျက်ပဲ ဘာလုပ်နေတာလဲ.. အခုဖျက်ဖို့ပြောပေး *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Nơi câu chuyện tồn tại. Hãy khám phá bây giờ