ကိုးးးရဲ႕သဲ Ep - 31

298 11 0
                                    

Unicode version

ခေါ်သံလေးကြောင့်
ချက်ချင်း လှည့်ကြည့်လိုက်တော့
သူ့လက်ကိုဆွဲထားတဲ့ jihyo...

နှုတ်ဖျားမှလဲ " မသွားပါနဲ့ ကို.. " ဆိုပြီး ရေရွတ်နေကာ မို့အစ်နေသော မျက်လုံးလေးဖြင့် ကြည့်နေသည်

ကျွန်တော့်ရဲ့ အခုန်မြန်နေတဲ့ရင်ကြောင့် ကုတင်အစွန်းမှာ ပြန်ထိုင်လိုက်ရင်း..

* jihyo.. ကိုယ့်ကို...
ကိုယ့်ကို.. ကို.. ကို လို့ ခေါ်လိုက်တာလား..
ဟုတ်တယ်မလား.. ဟင်..
ဟာ.. သဲရာ.. ချစ်လိုက်တာ.. *

ရင်ထဲမှာ လှိုက်တက်လာတဲ့ ကြည်နူးမှုနဲ့
မျက်နှာလေးကို နင့်နင့်နဲနဲငေးစိုက်ကြည့်ရင်း
ွကျွန်တော့်လက်ကို ကိုင်ဆွဲထားသည့် jihyo လက်ဖျားလေးကို တဖွဖွနမ်းရှိုက်မိသည်..
jihyo ကတော့ ကျွန်တော့်ကို ငေးကြည့်နေလျက်..

ချစ်ခြင်းတို့တိုးလာကာ ကြင်နာချင်မိသည့်
အိစက်စက် နှုတ်ခမ်းတို့ဆီသို့ ဦးတည်လိုက်ရာ...

ခွပ်!!

* အားး လား..လား...!! *

...............................................................

တကယ့်အုတ်နံရံဖြင့် ဝင်တိုက်လိုက်မိသလို ဖြစ်သွားသောခေါင်းကို ကြပ်ပူထိုးရင်း
ခုံပေါ်တွင်ထိုင်နေသော jihyo ကို မသိမသာလေး ခိုးကြည့်လိုက်သည်
ကျွန်တော့်ခေါင်းကို ဝင်ဆောင့်ထားတဲ့
jihyo ရော မနာဘူးလား  မသိ..

သူခိုးလူမိဆိုသလို ကျွန်တော့်ကို စိုက်ကြည့်နေသည့် jihyo အကြည့်တို့နှင့် တည့်တည့်တိုးတာကြောင့်
သနားစဖွယ် မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်နေလိုက်ကာ..

* jihyo..
ဘာလို့ ခေါင်းချင်းဝင်တိုက်ရတာလဲ..
ကိုယ့်ခေါင်း အာလူးဘူးသီးထသွားပြီလား မသိဘူး..
အား...နာတာ.. *

သူလေးကတော့ မျက်နှာထားလေးက တည်တင်းလျက်
* ခံပေါ့..! အရပ်သားက အပြစ်သားလေ..
ဒီလောက်တော့ ခံရမှာပေါ့ *

* jihyo ကလဲ ~ ~ *

jihyo စိတ်ပြေစေရန် ချစ်စဖွယ်အမူယာဖြင့် နှုတ်ခမ်းလေးဆူပြီး ချွဲပြလိုက်တော့..

* အရပ်သား.. ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေပါနဲ့..
လိုက်ဖက်တယ်များ ထင်နေသလား? *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Donde viven las historias. Descúbrelo ahora