ကိုးးးရဲ႕သဲ Ep - 27

349 15 2
                                    

Unicode version

* jihyo..
အရမ်းကြီး စိတ်လှုပ်ရှားမနေနဲ့နော်..
ခုရိုက်တာ အဆင်မပြေရင် ပြန်ရိုက်မှာမို့..
တအားကြီး စိတ်မပူနဲ့ ok? *

* ok.. *

jihyo ရဲ့ ပထမဆုံးရိုက်ကူးရေးမို့
စိတ်အေးအေးထားရန် တဖွဖွမှာနေသော်လဲ
jihyo ကတော့ ဘာမှအပူအပင် မရှိသလိုပင် အေးဆေးနေတာကြောင့်
suk jin လဲ စိတ်အေးသွားရသည်

ထိုစဉ် gi kwang အနားရောက်လာကာ..

* ဒါရိုက်တာကြီး ကျွန်တော်ရောက်ပါပြီ
ji.. *

gi kwang က jihyo ကို လက်ပြပြီးလှမ်းနှုတ်ဆက်တော့ jihyo လဲ ပြန်လက်ပြလိုက်သည်

* gi kwang လာလေ..
jihyo နဲ့ တွဲရိုက်ရမှာဆိုတော့ တိုင်ပင်စရာရှိရင်
ဆွေးနွေးကြဦး
ငါတော့ ဟိုဘက်သွားကြည့်လိုက်ဦးမယ် *

suk jin ထွက်သွားတော့ jihyo ဘက်လှည့်လိုက်ရင်း..

* ji.. ကိုယ် မနေ့ကလာပြီး ဇာတ်ညွှန်း လေ့ကျင့်ပေးမလို့ပဲ..
ဒါပေမယ့် နယ်ဘက်မှာ ရိုက်ကူးရေးလုပ်ပြီး
ခုနမှပြန်ရောက်တာနဲ့.. ji ဆီ မလာဖြစ်တာ..
အဆင်ပြေရဲ့လား..?
ကိုယ် အခုလေ့ကျင့်ပေးရမလား? *

* ရတယ် gi kwang
kwang soo နဲ့ လေ့ကျင့်ပြီးသွားပြီ
ခုရိုက်မယ့် အပိုင်းတင်မကဘူး
ဇာတ်ညွှန်းတွေ တော်တော်များများဖတ်ပြီး လေ့ကျင့်ပြီးပြီ *

* အာ.. hyung နဲ့ ဆိုရင်တော့
စိတ်မပူတော့ပါဘူး
hyung က အရမ်းသရုပ်ဆောင်ကောင်းတာ
ji အဆင်ပြေမှာပါ.. ji က တော်ပြီးသားပဲ *

* အင်း.. သိတယ်
jihyo က တော်ပြီးသားပဲဆိုတာ.. *

* အဟား.. ဟုတ်ပါပြီကွာ
ji က တအားချစ်ဖို့ကောင်းတာပဲ *

jihyo ခေါင်းလေးကို အသာဖွဖွပုတ်ကာ
မျက်လုံးလေးများ မှိတ်သွားသည်အထိ gi kwang ရယ်မိသည်



ပေါ့ပေါ့ပါးပါး ရယ်မောနေသော gi kwang တို့ကို ရိုက်ကွင်းတနေရာကနေ ph ဖြင့် ဓာတ်ပုံ လှမ်းရိုက်နေသော somin

* အဟင်း.. ငါ့ဇာတ်လမ်းအတွက် အသုံးဝင်မယ့်ပုံလေးပါလား..
ကြင်နာပြနေလိုက်တာ..
ဒီပုံလေးတွေကို တချိန်ချိန်မှာသုံးဖို့ သိမ်းထားရမှာပေါ့ *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Where stories live. Discover now