<<unicode version>>
* မင်းသား lee kwang soo က ဒီ series ကို ဘာလို့လက်ခံခဲ့ပါသလဲ *
* အဓိကဇာတ်ဆောင်နေရာကို အံဝင်အောင် တထပ်တည်းကျအောင် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါသလား *
* စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးတော့မှ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ series ဆိုတော့ စိုးရိမ်ပူပန်တာမျိုးရှိပါသလား *
* မင်းသားရိုက်ခဲ့တဲ့ အရင် series တွေလိုပဲ ကြည့်ရှုသူနှုန်း ထိပ်ဆုံးရောက်မယ်လို့ ထင်ပါသလား *
* မင်းသမီး so min ကရော series အတွက် ပြင်ဆင်စရာများ ရှိပါသလား*
* မင်းသားနဲ့ မင်းသမီးအတွက် ဒီဇာတ်လမ်းတွဲက ဒုတိယအကြိမ်မြောက်တွဲဖက် သရုပ်ဆောင်မှုလို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာများပြောချင်ပါသလဲ *
* ဒါရိုက်တာကြီးက series မှာပါဝင်မယ့် ဇာတ်ဆောင်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့ ရွေးခဲ့တာပါလဲ*
* ခုထိမရွေးရသေးတဲ့ ဇာတ်ပို့မင်းသားနဲ့မင်းသမီးနေရာကို ဘယ်သူတွေရွေးမယ်လို့ စဉ်းစားထားပါသလဲ *
အကြောင်းအရာတူတူတွေပဲ ထပ်တလဲလဲ မေးနေကြသော သတင်းထောက်တွေကို ကြည့်ကာ kwang soo စိတ်ရှုတ်လာသည်။
မျက်နှာပျက်နေသော kwang soo ကြောင့် မန်နေဂျာလဲ သတင်းစာရှင်းလင်းပွဲကို ခနရပ်ရန် ပွဲစီစဉ်သူတာဝန်ခံကို အချက်ပြလိုက်ရသည်။တာဝန်ခံ - ကဲ ကဲ ခနတော့ နားရအောင်။ အားလုံးလဲ ပင်ပန်းနေကြမှာဆိုတော့ သတင်းစာရှင်းလင်းပွဲကို ခနနားပြီးမှ ပြန်စတာပေါ့။
...
@နားနေခန်း
kwang soo ဆိုဖာတွင်မှီထိုင်ကာ မျက်လုံးတို့ကိုမှိတ်ထားသည်။
မန်နေဂျာက coffee ကို လှမ်းပေးကာ_
* kwang soo မင်း စိတ်ကိုလျှော့စမ်းပါ။ ဘာလို့မျက်နှာကြီးက တည်တင်းနေရတာလဲ။ ** အကိုလဲ သိသားနဲ့...။ ကျွန်တော် အဲ့မိန်းမနဲ့ အလုပ်တွဲမလုပ်ချင်ပါဘူးဆို။ သူ့မျက်နှာ မြင်ကိုမမြင်ချင်တာ။ *
* မင်းကလဲကွာ သူက ခုချိန်မှာ အရမ်းနာမည်ကြီးနေတာ။ မင်းက ခုမှ စစ်မှုထမ်းပြီးထွက်လာတာဆိုတော့ ပရိသတ်နဲ့ဝေးနေတာကြာပြီလေ။ ဒီလို နာမည်ကြီးတဲ့သူနဲ့တွဲရိုက်မှ ပြန်ပြီးလူသိများလာမှာပေါ့။ *
STAI LEGGENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...