ကိုးးးရဲ႕သဲ Ep - 19

400 18 12
                                        

19

unicode version


* သူက.. ကျွန်တော့်အတွက် အရေးကြီးဆုံးသူ.. တန်ဖိုးအထားရဆုံးသူ.. သူက ကျွန်တော့်ရဲ့.. *

* မန်နေဂျာလေ.. *

အနောက်ကပေါ်လာသော kwang soo..

* kwang soo hyung! *

* အရပ်သား! ဘယ်ပျောက်.. *

jihyo စကားဆုံးအောင်တောင်  မမေးလိုက်ရ၊ ချက်ချင်းဆိုသလို kwang soo နား လူတွေအများကြီး အုံလာကြသည်။

* kwang soo oppa!!! *
* oppa!!! *
* oppa ဆာရာငဲ!!! *
* ဆာရာငဲ!!! *

kwang soo က လူတွေကြားက တိုးထွက်ပြီး jihyo နဲ့ gi kwang ရှိရာသွားရပ်လိုက်တော့ ပရိသတ်တွေ jihyo ကို စူးစမ်းသည့်အကြည့်ဖြင့် ဝိုင်းကြည့်ကြသည်။

* oppa တို့ကြားမှာ ရပ်နေတဲ့သူက ဘယ်သူလဲဟင်? *

* oppa တယောက်ယောက်ရဲ့ ချစ်သူများလား..? *

* ဟာ.. မဖြစ်နိုင်ပါဘူး မဟုတ်လောက်ပါဘူး *

ကြားနေရသော တီးတိုးသံတွေကြောင့် gi kwang ဘက်လှည့်ကာ kwang soo အသံကို တမင်မြှင့်ပြီး ပြောလိုက်သည်။
* gi kwang ya.. မင်းမန်နေဂျာနဲ့ မုန့်ထွက်စားတာ အကြောင်းမဟုတ်ဘူး။ အခု ပရိသတ်တွေ တအားများလာပြီကွ.. ဘယ်လိုပြန်ထွက်မလဲ? *

kwang soo စကားကြောင့် ပရိသတ်ထဲက အသံထွက်လာသည်။
* သြော်.. ဒီ unnie က gi kwang oppa ရဲ့ မန်နေဂျာလား? *

* တော်သေးတာပေါ့..
oppa တွေနဲ့ ဘာမှ မဟုတ်လို့.. *

* အဲ့ဒီ unnie ကို တခါမှမမြင်ဖူးဘူးနော် *

* မန်နေဂျာမမကလဲ ချောလိုက်တာ *

* တကယ် မန်နေဂျာလားဟင်? *

kwang soo က သူတို့ကို ဝိုင်းနေသော ပရိသတ်ထုကြီးကို လက်ကာပြလိုက်တော့ အားလုံးတိတ်ဆိတ်သွားကြသည်။
* ဟိုလေ.. မိုးကလဲချုပ်နေပြီမို့ ကျွန်တော်တို့ ပြန်ရတော့မှာလေ..
အဲ့တော့ လမ်းလေးဖွင့်ပေးလို့ရမလားဟင် *

* oppa ဓာတ်ပုံလေးတော့ ရိုက်ချင်တယ်! *
* photo!! photo!!! *

* ကဲ ကဲ.. ဒါဆို ကျွန်တော်တို့ အားလုံးစုပြီး ဓာတ်ပုံရိုက်ကြမယ်လေ.. fan လေးတွေ စုလိုက်ကြနော်..
hyung လာ.. ji ဒီကိုလာ.. *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Donde viven las historias. Descúbrelo ahora