18
unicode version
* မင်းနဲ့ jihyo က couple ဝတ်ထားတာလား..? *
နှစ်ယောက်လုံးက hoodie ကိုယ်စီနှင့် အမြင်ကတ်ဖို့ကောင်းလောက်အောင် လိုက်ဖက်လွန်းနေတာမို့ kwang soo ရွဲ့ပြီး မေးလိုက်ခြင်းဖြစ်သည်။
* ကာပယ်..? ဟုတ်ဘူး ကော်ပယ်.. လို့ ပြောလိုက်တာလား..?? အာ..မသိတော့ဘူး! ဘယ်လိုပဲပြောပြော.. အာ့ ဘာပြောတာလဲ အရပ်သား? *
ခုထိ စကားတော်တော်များများကို နားမလည်သေးတဲ့ မင်းသမီးလေးကို ရှင်းပြရသည်မှာလဲ သူတို့နှစ်ယောက်အတွက် အလုပ်တစ်ခုပင်
* ကိုယ်တို့နှစ်ယောက်က အရမ်းလိုက်ဖက်တဲ့ စုံတွဲနဲ့တူတယ်လို့ ပြောတာလေ *
* မဟုတ်ပါဘူး! ငါ ဘယ်တုန်းက အဲ့လိုပြောမိလို့လဲ! *
* ခုလေးတင်လေ hyung ကလဲ *
* ငါ လုံး၀ လုံး၀ မပြောဘူး!
မင်းသမီးလေး ငါမပြောဘူးနော်..
မင်းတို့ နှစ်ယောက် လုံး၀ လုံး၀ မလိုက်ဖက်ဘူး!
လိုက်ဖက်တယ်လို့ စိတ်ထဲမှာ မထင်လိုက်နဲ့နော်! နည်းနည်းလေးတောင် မလိုက်ဖက်ဘူး! ** အရပ်သား.. ဘာတွေ အာ့လောက် အသည်းအသန်ငြင်းနေရတာလဲ? *
* အင်းလေ..
ဒါနဲ့ နေပါဦး.. hyung ဘယ်ကို အနုကြမ်းစီးမလို့လဲ?? ** ဘာလဲ..! ဘာကိုပြောတာလဲ? *
* hyung ပုံစံကိုလဲ ပြန်ကြည့်ဦးလေ *
ကျွန်တော် ပြောတာ လွန်တယ်မထင်...
kwang soo hyung က အကျႌပေါ်မှာ ကုတ်အရှည်အနက်ကိုထပ်ဝတ်ကာ မျက်မည်းအမည်းကြီးတပ်ပြီး mask ပါ အုပ်ထားလိုက်သေးသည်။* အရပ်သား.. ညဖက်ကြီးထွက်မှာကို ဒီလိုမျက်မှန်ကြီးတပ်ထားမှ လူတွေက ပိုသတိထားမိမှာ မဟုတ်ဘူးလား
သွားပြန်လဲ! ** ဟမ်..! ပြန်လဲရမှာလား..? ဒါ ငါ့ဖက်ရှင်လေ.. *
* ဖက်ရှင်ဟုတ်လား..!?
ပေါက်တတ်ကရတွေ ဝတ်ထားတာကိုများ..
လာ..လာ.. အကျႌပြန်လဲရအောင် *hyung လက်ကိုဆွဲကာ အခန်းထဲခေါ်သွားသော ji ကို ကြည့်ကာ ပြောမိသည့် ကိုယ့်ပါးစပ်ကိုပင် ဖြတ်ရိုက်ချင်သည်
ခုတော့ ကြည့်ဦး.. ယောကျာ်းလေးတယောက်အခန်းထဲ သူပါလိုက်ဝင်သွားစရာလားလို့..
ဒီမင်းသမီးလေးနဲ့တော့လေ..
![](https://img.wattpad.com/cover/159415355-288-k242106.jpg)
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfic"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...