ကိုးးးရဲ႕သဲ Ep - 3

1.1K 42 2
                                    

<< unicode version>>

kwang soo pov - song ji hyo..song ji hyo..jihyo..

kwang soo ကောင်မလေးနာမည်ကို စိတ်ထဲမှ ရေရွတ်ရင်း မျက်နှာက အလိုလိုပြုံးလာသည်။

ဒါရိုက်တာကြီးရောက်လာပြီး kwang soo ကျောကိုပုတ်လိုက်ကာ_
* kwang soo ya..ဘာတွေတွေးပြီး သဘောကျနေတာလဲ။ ငါခေါ်တာလဲမကြား.. *

* အ..sorry ဒါရိုက်တာကြီး..။ ကျွန်တော် အတွေးလွန်သွားလို့။ *

* မဟုတ်မှလွဲရော..မင်းသားက တွေ့နေပြီထင်တယ်..။ မိတ်ဆက်ပေးလေကွာ။ သိရအောင်။ *

* အာ..မဟုတ်ရပါဘူး ဒါရိုက်တာကြီးရယ်။ ပွဲစတော့မယ်လေ သွားကြတာပေါ့။ *

* အေး..ဟုတ်သား။ သွားကြတာပေါ့။ *

kwang soo တို့ တဖွဲ့သားလုံး ထိုင်ခုံမှာထိုင်လိုက်သည့်နှင့် ပွဲတာဝန်ခံက အချက်ပြကာ သတင်းစာရှင်းလင်းပွဲ ပြန်စလေသည်။
ပထမပိုင်းထက်ပင် ပရိသတ်တွေပိုများလာကာ ခန်းမတခုလုံးပြည့်နေလေသည်။

...

kwang soo စိတ်ကိုအတော်လေးဆွဲဆန့်ကာ ထိုင်နေရသည်။ သတင်းထောက်တွေ မေးသမျှကို ဖြေနေရသည့်အပြင် ဟိုမိန်းမက သူ့ဘေးနားလာထိုင်ကာ ရင်းနှီးသည့်အပြုအမူမျိုးလုပ်ပြနေသည်။

kwang soo pov - ကြည့်ရတာ somin က ဟိုသတင်းထောက်ကို အသုံးချပြီး ငါနဲ့သတင်းထွက်အောင် လုပ်မလို့ထင်တယ်။ သူ..ဘာဇာတ်လမ်းတွေဆင်ဦးမှာလဲ? ရှောင်ထွက်နိုင်အောင် သတိထားမှဖြစ်မယ်။

ထိုစဉ် မန်နေဂျာအကိုနှင့်အတူ သတင်းထောက်များအနောက်တွင် ပေါ်လာသော ဖြူဖြူအရိပ်လေးကို kwang soo မြင်လိုက်သည်။

ပေါ့ပေါ့ပါးပါးလေးရယ်မောပြီး ပျော်ရွှင်နေသော မင်းသမီးလေးရယ်လေ...

သူငေးနေမိသည်မှာ အချိန်တခုကြာသည်အထိ..

kwang soo - song ji hyo?? song ji hyo လား!!

kwang soo နှုတ်မှ တိုးတိုးလေးရွတ်သံကို ဒါရိုက်တာကြီးကြားသွားကာ_
* kwang soo ya..ဘာပြောလိုက်တာလဲ?? ဘယ်သူ့ကိုတွေ့လိုက်လို့လဲ *

* အာ..ဘာမှမဟုတ်ပါဘူး ဒါရိုက်တာကြီး။ *

* အေး..အေး..ဒါဆိုလဲ ပွဲကိုအာရုံစိုက်ကွာ။ ပင်ပန်းလဲ ခနတော့သည်းခံပေါ့..မကြာခင်ပြီးတော့မှာပါ။ မင်းသမီးရောပဲနော်..။ *

ကိုးးးရဲ့သဲ &lt; Uni & Zawgyi &gt; ( Running Man - Myanmar Fic )Where stories live. Discover now