13
Unicode version
* ခမည်းတော် အထဲမှာရှိလား အထိန်းတော်ချုပ်ကြီး *
* မှန်လှပါ ရှိကြောင်းပါ မင်းသမီးလေး *
* ဒါဆို.. ရောက်နေကြောင်း လျှောက်တင်လိုက်ပါ *
* ဟို.. မင်းကြီးရဲ့ နန်းဆောင်တော်ထဲ ဝင်လို့မရပါဘူး မင်းသမီးလေး *
* ခမည်းတော်ကို လာတွေ့တာလေ။ ဘာလို့ဝင်လို့မရတာလဲ။ *
* အရှင်မင်းကြီးက အမတ်တွေနဲ့ တိုင်းပြည်အရေးဆွေးနွေးနေလို့ပါ မင်းသမီးလေး *
* ဟုတ်လား? ညီလာခံခန်းမမှာ မလုပ်ပဲနဲ့ ဘာလို့ နန်းဆောင်ထဲမှာ လုပ်တာလဲ? *
* အမတ်အားလုံးနဲ့ မဟုတ်ပါဘူး မင်းသမီးလေး။
အမတ်ချုပ်ကြီးနဲ့ အမတ်တချို့နဲ့ပဲ ဆွေးနွေးနေတာပါ။ ** အမတ်ချုပ်ကြီး.. ဒါဆို သူ့သား အမတ် se chan လဲ ပါမှာပေါ့.. *
* မှန်ပါ..ပါပါတယ် မင်းသမီးလေး။ *
* ဒီသားအဖ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာတွေကြံစည်နေလဲဆိုတာ gong yoo ကို စုံစမ်းခိုင်းရမယ်။ *
* ဟင်..? မင်းသမီးလေး ဘာပြောတာလဲ? *
* သြော်.. ဘာမှမဟုတ်ပါဘူး။ ဒါနဲ့.. အကိုတော်လဲ ပါမှာပေါ့ *
* မှန်လှပါ.. မင်းသား dong wook လဲ ဆွေးနွေးပွဲမှာ ပါကြောင်းပါ မင်းသမီးလေး *
* ဒါဆို အကိုတော့်ကိုခေါ်ပေး *
* ဗျာ!! *
* အရေးကြီးကိစ္စပြောစရာရှိတော်မူတာမို့ အကိုတော့်ကိုခေါ်ပေး *
* ဟို.. ဒါကတော့.. *
* ပြောစရာရှိလို့ လို့ ပြောနေတယ်လေ!! ငါမင်းသမီးလေးကို နှစ်ခါပြန်ပြောရအောင် လုပ်နေတာလား! အတင့်ရဲလှချည်လား!! *
ဒေါသသံပါလာတဲ့ မင်းသမီးလေးကြောင့် အထိန်းတော်ချုပ်ကြီး မြေပြင်ပေါ်ဒူးထောက်ချကာ ခေါင်းငုံပြီး တောင်းပန်တော့သည်။
* ခွင့်လွှတ်ပေးတော်မူပါ မင်းသမီးလေး! ကျွန်တော်မျိုး သေသင့်တဲ့အပြစ်ကျူးလွန်မိပါတယ်! ခွင့်လွှတ်ပေးတော်မူပါ! *
ВЫ ЧИТАЕТЕ
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Фанфик"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...