ကိုးးးရဲ႕သဲ Ep - 24

325 15 8
                                    

Unicode version




* ဒါက song jihyo တဲ့..
somin နဲ့ အပြိုင်ဇာတ်ရုပ်နေရာမှာ ပါမယ့်သူပေါ့ *

* ကြားတဲ့အတိုင်းပါပဲ...
song jihyo လို့ခေါ်ပါတယ် *

jihyo ကို ရိုက်ကွင်းသို့ ခေါ်လာကာ
ရိုက်ကူးရေးဝန်ထမ်းအားလုံးနှင့်
suk jin မိတ်ဆက်ပေးနေခြင်းဖြစ်သည်

လက်လေးနှစ်ချောင်းထောင်ကာ
ဟန်ဆောင်မှုကင်းသောအပြုံးလေးနဲ့
နှုတ်ဆက်နေသော သူလေးကို
အားလုံးက လက်ခုပ်တီးကာ ပြုံးပြီးအသိအမှတ်ပြုကြသည်

kwang soo နှင့် gi kwang တို့က
မတ်တပ်ထရပ်ပြီး လက်ခုပ်တီးတာကြောင့်
ကျန်တဲ့သူများပါ ထရပ်ရမလိုလို ဆက်ထိုင်ရမလိုလို ဖြစ်ကုန်ကြသည်

suk jin ကတော့
အကဲပိုလွန်းသော နှစ်ယောက်လုံးကို
မျက်စောင်းတခဲခဲဖြင့်သာ ကြည့်နေမိသည်

somin ကလဲ မတ်တပ်ထရပ်ရင်း
* ကြိုဆိုပါတယ်နော်..
မသိတာတွေ အဆင်မပြေတာတွေရှိလဲ
ပွင့်ပွင့်လင်းလင်း မေးလို့ရတယ်နော်

အသစ်ကလဲဖြစ်..
ရုတ်တရက်ကြီး သရုပ်ဆောင်ကလဲ ထဖြစ်တာဆိုတော့
နားမလည်တာ မသိမတတ်တာတွေများနေမှာပေါ့..

တို့က senior ဆိုတော့ သင်ပြပေးရမှာပေါ့
ဟုတ်တယ်မလား..?
တို့ကို ဆရာတင်လို့ရတယ်နော် သိလား.. *

ပြုံးပြီးတင်တင်စီးစီးပြောနေတဲ့ somin ကို jihyo မခံနိုင်စွာပြန်ပြောမည်အပြု
kwang soo က ဖြတ်ပြောလာသည်

* မိတ်ဆက်တာတွေ ပြီးပြီဆိုတော့ အလုပ်စကြတာပေါ့
hyung ဒီနေ့ ရိုက်ကွင်းစရအောင်လေ *

* ဟမ်! သြော် အေး..
ကဲ ပြင်ကြတော့ အလုပ်စမယ် *

suk jin စကားကြောင့် အားလုံးလူစုခွဲကာ ထွက်သွားကြသည်
somin ကလဲ jihyo အတွက် စကားစ ဖြတ်သွားသော kwang soo ကို တချက် ကြည့်ပြီး ထွက်သွားသည်

နေရာတွင် jihyo, kwang soo, gi kwang နှင့် suk jin တို့သာ ကျန်ခဲ့သည်

* jihyo ကတော့ ဒီနေ့ လေ့လာတာလောက်ပဲရှိသေးတယ်ဆိုတော့
နောက်တပတ်မှ ရိုက်ကူးရေးစတာပေါ့ *

* ကောင်းပြီ suk jin *

* ဟုတ်.. ဟမ်? suk jin လို့ ခေါ်လိုက်..တာလား.. ? *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Nơi câu chuyện tồn tại. Hãy khám phá bây giờ