<< unicode version >>* တနေ့ထဲမှာ ဒုတိယအကြိမ်မြောက်တွေ့တာ ဆိုတော့... အရပ်သား..အာ..မှားလို့ ဆရာ...*
* ဟင်.. *
gi kwang စကားကြောင့် ခေါင်းလေးကုတ်ကာ တစုံတခုကို စဉ်းစားနေပုံရသည့်သူလေးက ကျွန်တော့်ဘက်လှည့်ကာ လှမ်းခေါ်လာတာမို့ ပြန်ထူးလိုက်ရသည်။
* ဆရာ.. ဒါဆို ဒီကယဉ်ကျေးမှုအတိုင်းလုပ်ရမှာပေါ့နော်.. *
ပြောရင်းဆိုရင်း လက်နှစ်ဖက်ဆန့်တန်းကာ gi kwang ဆီ သွားနေသောသူ...
* မ..မဟုတ်.. မလိုဘူး!! ဘာအစဉ်အလာမှမလို..လို... *
တားချိန်တောင်မရလိုက်..နောက်ကျသွားလေပြီ..
သိတယ်..ကျွန်တော်သိတယ်..
gi kwang ပြောတာကြားလိုက်ထဲက ဒီလိုဖြစ်တော့မယ်ဆိုတာ..
ခုတော့~~
သူလေးက gi kwang ခါးကိုဖက်ပြီး ရင်ခွင်ထဲရောက်နေသလို..
ဟိုတယောက်ကလဲ ကြောင်တောင်တောင်နဲ့ သူလေးရဲ့ပုခုံးလေးကို ပြန်ဖက်ထားသည်။garrrr!!! gi kwang က တော်တော်ပီတိဖြစ်နေပုံပင်.. သူလေးကို ဖက်ထားရင်း ပြုံးလာသည်..
ငါမင်းသမီးလေး ဆိုတဲ့ တယောက်ကလဲ ဖက်ထားတာကို ပြန်ရုန်းရကောင်းမှန်း နားမလည်ဘူးလား မသိ...
ဒီမြင်ကွင်းကို ဆက်ကြည့်နိုင်လောက်အောင် သည်းခံနိုင်စွမ်း ကျွန်တော့်မှာမရှိ..
* song jihyo!!!! အဲ့ဒါ ဘာလုပ်နေတာလဲ!!! ခုချက်ချင်း လာစမ်း!!! *
အော်သံနဲ့အတူ သူလေးကို gi kwang ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်သည်။
* အ!! *
ကျွန်တော်ဆွဲထုတ်လိုက်တဲ့အား များသွားသည်ထင်ပါရဲ့..သူ့လက်ကောက်ဝတ်လေးကို သူဆုပ်ကိုင်ကာ မျက်နှာလေး ရှုံ့တွနေသည်။
အဲ့တော့လဲ မနေနိုင်သူက ကျွန်တော်...
* နာ..နာသွားလား jihyo.. ဥုံဖွ ဥုံဖွ။ ** အဟင့်..အဲ့ဒါ ဘာလုပ်တာလဲ!! ဆရာပြောသလိုလိုက်လုပ်တာပဲလေ!! ဒီဘက်က ယဉ်ကျေးမှုဆို..!! အစဉ်အလာဆို..!! ဘာလို့ လာဆူတာလဲ!! ငါမင်းသမီးလေး သိတဲ့သူဆိုလို့ အရပ်သားတယောက်ပဲရှိတာကို... အဟင့်..ဟင့်..အရပ်သားက လာအော်နေတော့ ဘယ်လိုနေရမှာလဲ..လို့... *
![](https://img.wattpad.com/cover/159415355-288-k242106.jpg)
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...