14
*unicode version*
dong wook အတွက် အားလပ်ချိန်ရသည်နှင့် ပြေးတွေ့ချင်မိသည်က မင်းသမီးလေးသာ..
များပြားလှတဲ့ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး ဦးရီးတော်မင်းကြီးကို ကူညီပေးနေရတာကြောင့် hyoလေး ဆီကိုတောင် မရောက်ဖြစ်တာကြာပြီ..
hyoလေး အတွက် စီစဉ်နေသည့် လှို့ဝှက်အဆောင်တော်ကိစ္စလည်း ပါသည်ပေါ့..ခြေလှမ်းတို့ကို hyoလေး အဆောင်တော်ဘက်သို့ မပြေးရုံတမယ် ခပ်သွက်သွက်လှမ်းလိုက်သည်။
သူ့ရဲ့ ကလေးဆိုးလေးက သူ့ကိုတွေ့တာနဲ့..
အကိုတော်ဆိုပြီး ပြေးလာမလား..??ဒါမှမဟုတ်..
မလာတာကြာလို့ဆိုပြီး စိတ်ကောက်နေမလား..??
ဒါဆို..
...
စိတ်ကောက်တော်မူနေရင် ဘယ်လိုချော့ရမလဲ~~ကိုယ့်ဘာသာတွေးရင်း ကိုယ့်အတွေးကိုသဘောကျကာ ပြုံးမိသည်။
အတွေးနဲ့တင် ပျော်ရပါတယ် ကိုယ့်တော့်မင်းသမီးလေးရယ်~~
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မင်းသမီးလေး အဆောင်တော်ရှေ့အရောက်..
အပျိုတော်နှစ်ယောက် စားသောက်စရာများပြည့်နေသော စားပွဲဝိုင်းကြီးသယ်ပြီး အဆောင်တော်ထဲမှ ထွက်လာသည်နှင့် တိုးလေသည်။" မင်းသားလေးကို အရိုအသေပေးပါတယ် "
" ရပါတယ်။ ဒါနဲ့ ဒီစားပွဲက..? "
" မင်းသမီးလေး သုံးဆောင်ဖို့ စားပွဲတော် ပြင်ပေးထားတာပါ။ ဒါပေမယ့် မင်းသမီးလေးက လုံးဝမထိပဲ ပြန်သိမ်းခိုင်းလိုက်ပါတယ်။ မင်းသမီးလေးက ထမင်းမစား.. "
" ဘာာ!!
hyo လေးက အစားမစားဘူးလား!
ဘာဖြစ်လို့လဲ!
ဒီအစားအသောက်တွေ မကြိုက်ဘူးတဲ့လား?!
ဒါဆို hyoလေး ကြိုက်လောက်တဲ့အစားအစာတွေ ပြင်ဆင်လိုက်လေ!
ဒါမှမဟုတ်..hyoလေး နေမကောင်းဘူးလား?!
အစားမစားချင်ဘူးတဲ့လား!?
မစားစားအောင် အတင်းချော့မော့ကျွေးရမှာပေါ့!
မင်းတို့တွေတော့ကွာ..!
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfic"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...