Ep 6

2K 105 1
                                    

Unicode

အပိုင်း (၆)

ခြူး မနေ့က ကျောင်းမပျက်ဖြစ်ခဲ့ပါ။ ဘယ်ကရောက်လာမှန်းမသိတဲ့ အင်္ကျီလက်ရှည်လေးကို အပေါ်က
ထပ်ဝတ်ရင်း အတန်းကို ပြန်လာခဲ့လိုက်သည်။ ခေါင်းပေါ်က ဖျော်ရည်နံ့စူးစူးကိုတော့ အတော်ကို သည်းခံခဲ့ရသည်။

ဒီနေ့လည်း ထိုအင်္ကျီလက်ရှည်လေးကို ဝတ်လာခဲ့မိသည်။ ဘာကြောင့်မှန်းမသိ။ ဒီအင်္ကျီလေးကို ဝတ်ထားရင် သူမအတွက် အင်အားတစ်ခု ရှိလာသလိုမျိုး ခံစားနေရသည်။

"ဟဲ့..တကယ်ကြီးဟ... ငါဖြင့် မြင်လို့သာ ယုံလိုက်ရတယ်...နေခြည်လင်းက အဲ့လိုငြိမ်ခံနေတတ်တဲ့သူမှ မဟုတ်တာ"

"အေးလေဟယ်...ဟီး...ငါတော့ ကျေနပ်တယ်... အမြဲတမ်း သူများပေါ်ဆို ဗိုလ်ကျတတ်တဲ့နေခြည်လင်း.. ပိုင်ထက်ယံနဲ့တွေ့မှ ခေါင်းငုံ့ခံလိုက်ရတော့တယ်"

ခြူးရှေ့ကနေ ဖြတ်သွားတဲ့ ကျောင်းသူလေး ၂ ယောက်ရဲ့စကားသံ။ သူတို့ပြောသွားတဲ့ နေခြည်လင်းဆိုတာ ခြူးကို ဖျော်ရည်တွေလောင်းချခဲ့တဲ့ တစ်ယောက်များ ဖြစ်နေမလားဆိုတဲ့အတွေးကြောင့် မုန့်ဈေးတန်းရဲ့
ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်သည်။

သူမ ထင်ထားတာ လုံးဝမှန်နေသည်။ မနေ့က တစ်ယောက်။ သို့သော် မနေ့ကလို ရင့်သီးရိုင်းစိုင်းနေတဲ့ပုံစံမျိုးတော့ မဟုတ်။

ခြူးကိုလုပ်ခဲ့သလိုပဲ သူမခေါင်းမှာလည်း အချိုရည်တွေက ရွှဲစိုနေသည်။ နှုတ်ခမ်းကိုကိုက်ထားရင်း ဆုပ်ထားတဲ့လက်သီးတွေက တဆက်ဆက်တုန်နေသည်။

သူမဘေးနားက သူငယ်ချင်းဖြစ်ပုံရတဲ့ ကောင်မလေး ၂ ယောက်ကတော့ ပျာယာခတ်နေကြသည်။

"နေခြည်..နင် သူ့ကို နင့်အဖိုးနဲ့ တိုင်လိုက်ပါလား"

"အေးလေ...နင့်ကို ဒီလိုလုပ်ရဲတယ်ဆိုတော့ မှတ်လောက်သားလောက်အောင် ဆုံးမခိုင်းလိုက်"

"အီးဟီး"

တစ်ယောက်တစ်မျိုး အကြံပေးကြပေမယ့် နေခြည်လင်းဆီမှ ငိုသံမှလွဲ၍ ဘာစကားသံမှ ထွက်မလာ။

"နေခြည်..နင် ငိုနေတာလား"

ခြူးက သူတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေတာမို့ သူတို့ပြောနေတာတွေကို အတိုင်းသား ကြားနေရသည်။

ခိုနားရာOnde histórias criam vida. Descubra agora