Ep 26

1.5K 76 0
                                    

Unicode

အပိုင်း (၂၆)

"သမီး..ခေါ်ခဲ့ပြီလား"

ထမင်းပွဲပြင်နေတဲ့ မေမေက ခြူးကို လှမ်းမေးတော့ ခေါင်းရမ်းပြလိုက်မိသည်။

"ဟို...သူတို့ စကားပြောနေတယ် မေမေ"

"ဟေ...ဘာတွေပြောနေကြတာလဲ"

"လက်ထပ်ဖို့ကိစ္စနဲ့ တူပါရဲ့"

"ဟယ်...တကယ်.."

ခြူးစကားကြောင့် မေမေ့မျက်နှာက လက်ခနဲ ဝင်းပသွားသည်။ မေမေလည်း သူတို့ ၂ ယောက်ကို လက်ထပ်စေချင်နေတာပဲ။ ဒါကို အလိုမကျတဲ့သူက ခြူးတစ်ယောက်တည်းလား။

"ကဲကဲ...လာ..သမီး...ဒီမှာ လာထိုင်...သူတို့ အေးအေးဆေးဆေး ပြောကြပါစေ... မေမေတို့ ဒီကပဲ စောင့်ကြတာပေါ့"

"ဟုတ်"

ခြူးလည်း အသင့်ပြင်ထားတဲ့ ထမင်းဝိုင်းမှာ သွားထိုင်လိုက်သည်။ ဟင်းပွဲတွေက အရမ်းမများပေမယ့် အားလုံးက စားချင်စဖွယ် ချက်ပြုတ်ထားတာတွေချည်းပင်။

"မေမေ...ကိုပိုင်ထက်...အဲ...ကိုကိုက ဟင်းချက်တတ်လား"

"ချက်တတ်တာပေါ့ သမီးရယ်... သူငယ်ငယ်ကတည်းက မေမေဟင်းချက်ရင် ဘေးကနေ ကူလုပ်ပေးတတ်တယ်...သူ့ကို မီးဖိုချောင် မဝင်စေချင်လို့ အတင်းနှင်တာတောင် ဇွတ်ပေကပ်ပြီး လုပ်ပေးတာ...မေမေ နေထိုင်မကောင်းတဲ့ နေ့တွေဆို သားလုပ်ပေးတဲ့ ဆန်ပြုတ်ကိုပဲ ခံတွင်းတွေ့တာ...တစ်ခါတစ်လေ အွန်လိုင်းပေါ်က ဟင်းချက်နည်း အသစ်အဆန်းတွေကို ကြည့်ပြီး ချက်ကျွေးတတ်သေးတယ်... အဲ့လိုနေ့တွေဆိုရင်တော့ ပါးစပ်စည်းစိမ်ရော ဝမ်းစည်းစိမ်ပါ အပြည့်အဝ စံရတာ"

မေမေ့စကားကြောင့် ခြူး ပြုံးလိုက်မိပေမယ့် ရင်ထဲမှာတော့ အားငယ်နေမိသည်။ ခြူးကတော့ ခုထိ မီးဖိုချောင်ကိစ္စကို နယ်နယ်ရရ ဘာမှ မလုပ်တတ်သေး။

မေမေနဲ့သာ အတူနေခဲ့ရရင် ခြူးလည်း မိန်းမပီသခဲ့မှာ သေချာသည်။ ဒါပေမယ့် ခြူးငယ်စဉ်ကတည်းက နာကြည်းမှုအမုန်းတရားတွေနဲ့သာ ကြီးပြင်းခဲ့ရတာမို့ ခြူးနှလုံးသားကရော နေထိုင်မှုပုံစံ စရိုက်ကအစ သိမ်မွေ့မှုနည်းပါးတယ်ဆိုတာကို ခြူးကိုယ်တိုင်လည်း သိနေပါသည်။ ခုချိန်ရောက်မှ မနှင်းလို မိန်းကလေးပီသအောင် ပြောင်းလဲလို့ ရနိုင်ပါဦးမလား။

•••

"နှင်း..."

တစ်စွန်းတစ်စသာ မြင်လိုက်ရတဲ့ ကျောပြင်လေးတစ်ခုကြောင့် ရင်ခွင်ထဲမှာ ဖက်ထားခဲ့မိတဲ့ နှင်းနဲ့ လူချင်း ပြန်ခွာလိုက်မိသည်။ နှင်းကတော့ သူ့ကို နားမလည်သလို မော့ကြည့်လာသည်။

"ခြူးနဲ့ မေမေ စကားပြောပြီးလောက်ရောပေါ့... ကိုယ်တို့ အိမ်ထဲပြန်ဝင်ကြရအောင်"

"ဟုတ်"

သူက နှင်းရှေ့ကအရင် ထွက်သွားတော့ နှင်းလည်း သူ့နောက်မှ လိုက်လာခဲ့တော့သည်။ ခုနလေးကမှ နူးညံ့နွေးထွေးတဲ့ သူ့ပုံစံကို တွေ့လိုက်ရပါသေးသည်။ သို့သော် ခုတစ်ခါ အေးစက်စက်ပိုင်ထက်ယံပုံစံက ပြန်ပေါ်လာပြန်သည်။

ခိုနားရာWhere stories live. Discover now