Extra (New Year Special)

5.6K 155 5
                                        

Unicode

အထူးပိုင်း (New Year Special)

"(ဦးနေလင်းရောင်)+ဒေါ်ဒေစီကျော်တို့၏ သားကြီး မောင်ပိုင်ထက်ယံနှင့် ဦးစိုးမိုးနိုင်+ဒေါ်သိမ့်နွယ်တို့၏ တစ်ဦးတည်းသော သမီး မဆူးပန်းနီ၊ အင်း... ဖိတ်စာလေးက ခုမှ ပြည့်စုံသွားတော့တယ်"

အောင်မြတ်မှာ ဖိတ်စာတစ်စောင်ကို အသံထွက် ဖတ်ရင်း ပြုံးပြုံးကြီး လုပ်နေလေသည်။

မင်းဝဏ္ဏဖန်တီးခဲ့တဲ့ ပြဿနာကြောင့် မင်္ဂလာပွဲကို နောက်ရွှေ့လိုက်ရပြီး ဖိတ်စာကိုပါ တစ်ခါတည်း ပြင်ရိုက်လိုက်ခြင်း ဖြစ်သည်။
(ဖိတ်စာထဲမှာ ပါတဲ့ ဘိုးဘေးဘီဘင် ဆွေမျိုးသားချင်းတွေကိုတော့ ထည့်မရေးပေးတော့ဘူးနော် ^_^)

"နှင်း... ဖိတ်စာတွေ သွားဖိတ်ရင် အတူသွားရအောင်"

"မသွားပါဘူး"

"ဟာ... နင်ကလည်း... နင်နဲ့ ငါနဲ့ အတူသွားမှာ ငါတို့အတွက်ပါ ကြိုဖိတ်ထားလို့ ရမှာပေါ့"

"ဟာ... အောင်မြတ် မကဲနဲ့နော်။ နင့်ကို အဖြေတောင် မပေးရသေးဘဲနဲ့"

ဘေးနားမှာ ထိုင်နေတဲ့ ဒေါ်သိမ့်နွယ်၊ ပိုင်ထက်ယံနဲ့ ခြူးကို အားနာစွာ ကြည့်ရင်း သတိပေးလိုက်ပေမယ့် အောင်မြတ်ကတော့ တစ်စက်ကလေးမှကို ဂရုမစိုက်။

"နင် အဖြေမပေးလည်း နင့်မျက်လုံးထဲမှာ ငါ့အတွက် အဖြေကို တွေ့နေရပါတယ် နှင်းရယ်"

"အောင်မြတ်... နင်ကတော့ ပြောလေ ကဲလေပါလား... ဟင်"

ပြောပြောဆိုဆို လက်မောင်းကို တဖတ်ဖတ် ရိုက်သဖြင့် အောင်မြတ်မှာ ပြုံးပြုံးကြီး အရိုက်ခံနေတော့သည်။

"အောင်မြတ်... နင်တို့ကရော ဘယ်တော့ ယူကြမှာလဲ"

"ဟဲဟဲ... မေသိမ့်က မေးနေပြီ။ ဖြေလိုက်လေ နှင်း၊ ဘယ်တော့ ယူမှာလဲတဲ့"

"ဟာ...အဖြေတောင် မပေးရသေးတာကို ဘာလို့ ယူရမှာလဲ။ မေသိမ့်... နှင်း သူ့ကို မယူပါဘူး"

"တကယ် မယူတာလား"

"အေး"

"ပြီးတာပဲ။ ငါ တခြားတစ်ယောက်နဲ့ လက်ထပ်သွားတော့မှ ကျန်ရစ်ဘဝနဲ့ အသည်းကွဲပြီး မငိုနဲ့"

ခိုနားရာWo Geschichten leben. Entdecke jetzt