Ep 1

5K 151 2
                                    

Unicode

အပိုင်း (၁)

"စင်သီယာလေးဟာ ငယ်ငယ်ကတည်းက ဖခင်ရဲ့အလိုလိုက်ခြင်းကိုခံရတော့ အရမ်းဆိုးသွမ်းလာတယ်တဲ့... မိတဆိုးလေးဖြစ်တာကြောင့် သူ့ဖေဖေကလည်း မဆူရက် မငေါက်ရက်ဘူးတဲ့လေ... ဆိုဆုံးမမယ့်သူမရှိတော့ စင်သီယာလေးဟာ တစ်နေ့တခြား ပိုပိုဆိုးလာတယ်တဲ့... သူ့ထက်ကြီးတဲ့သူတွေကိုလည်း မလေးမစား ပြောဆိုဆက်ဆံလာတယ်... အင်း..ပြောရမယ်ဆိုရင် အရမ်းရိုင်းစိုင်း
လာတာပေါ့...ဒါကြောင့် လူတွေက သူ့ကို မုန်းတီးလာကြတယ်တဲ့...သူ့ဖေဖေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ အရှိန်အဝါကြောင့်သာ ဘာမှမပြောရဲကြတာတဲ့"

"စင်သီယာလေးက တော်တော်ဆိုးတာပဲနော်"

"ဟုတ်တယ် သမီးရဲ့...သူက လှလည်းလှသလို အရမ်းလည်း ဆိုးတယ်...ဒီတော့ ချစ်ဖို့မကောင်းဘဲ မုန်းစရာကြီး ဖြစ်လာတာပေါ့"

"သမီးကရော ချစ်ဖို့ကောင်းလားဟင်"

"မေမေ့သမီးက ဒီလောက်လှပြီး လိမ္မာတာ.. ဒီလောကမှာ သမီးက ချစ်ဖို့အကောင်းဆုံး"

"ခစ်ခစ်"

ရင်ခွင်ထဲမှာ မိခင်ဖြစ်သူရဲ့ပြောစကားတွေကြောင့် ပါးလေး ၂ ဖက်ဖောင်းသွားကာ မျက်လုံးလေးတွေမှိတ်သွားတဲ့အထိ ရယ်နေတဲ့ ကောင်မလေးကို သူမရဲ့မေမေက အသည်းယားစွာဖြင့် ပါးလေးတစ်ဖက်ကို အနမ်းခြွေရင်း ပုံပြင်ကို ဆက်ပြောသည်။

"စင်သီယာလေးက အရွယ်ရောက်တဲ့အထိ ဆိုးမြဲတိုင်း ဆိုးနေတုန်းပဲတဲ့...ဒီလိုနဲ့ သူဌေးကြီးက နာမကျန်းဖြစ်လာတဲ့အခါ သမီးဖြစ်သူကို စိတ်မချဖြစ်လာတာပေါ့... သူက သမီးလေးကို လိမ္မာစေချင်တယ်... လူချစ်လူခင် ပေါများစေချင်တယ်...ဒါမှသာ
သူမရှိတော့တဲ့အခါ သမီးလေးလည်း သူ့ပတ်ဝန်းကျင်မှာ နေရထိုင်ရတာ အဆင်ပြေမှာလေ"

"အဲ့တော့ သူဌေးကြီးက ဘာလုပ်လိုက်လဲဟင်"

"အင်း..စင်သီယာလေးကို လူတစ်ယောက်နဲ့ လက်ထပ်ပေးလိုက်တယ်တဲ့"

"ဟယ်...အဲ့လူတော့ သွားပါပြီ...စင်သီယာလေးက အရမ်းဆိုးတာကို"

သမီးလေးရဲ့ရေရွတ်သံကြောင့် သိမ့်နွယ် သဘောကျစွာ ပြုံးလိုက်ရင်း

ခိုနားရာDove le storie prendono vita. Scoprilo ora