Ep 3

2.2K 110 2
                                    

Unicode

အပိုင်း (၃)

"မေမေ"

"ဟယ်..သား..အိမ်ပြင်မှာ နေပူနေတာကို"

"မေမေ့ကို စောင့်နေတာ"

နေပူကျဲတဲမှာ လမ်းလျှောက်လာတဲ့ သူမကို ရေအေးလေးတစ်ခွက် ခပ်တိုက်ရုံဖြင့် အမောပြေအောင် စွမ်းဆောင်နိုင်တဲ့ သားလေးပါ။

"မေမေ ဘယ်သွားတာလဲဟင်"

"သြော်...သားကျောင်းတက်ဖို့ လိုက်စုံစမ်းကြည့်တာလေ... သား အရင်ကတက်ခဲ့တဲ့ကျောင်းက ကျောင်းပြောင်းလက်မှတ်ယူပြီးတာနဲ့ သားကို မေမေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးမယ်"

"ဖြစ်ပါ့မလား မေမေရဲ့...ကျွန်တော်ကျောင်းမတက်တာ ၃ လကျော်သွားပြီ"

အားငယ်စွာပြောနေတဲ့ သားလေးရဲ့ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ရင်း

"ဖြစ်တာပေါ့ကွ...မေမေ့သူငယ်ချင်းဆီ သွားစုံစမ်းကြည့်ပြီးပြီ...သူက ပုဂ္ဂလိကကျောင်းမှာ ဆရာမလုပ်နေတာလေ... သူကိုယ်တိုင် ကျောင်းအုပ်ကြီးကို ပြောပေးမယ်တဲ့...သားက ဘာပြစ်ချက်မှ မရှိတာဘဲ...ပြီးတော့ စာလည်းတော်တယ်.. သားလိုကျောင်းသားမျိုးကို ဘယ်ကျောင်းကပဲဖြစ်ဖြစ် လက်ခံမှာပါ"

"တကယ်တော့ ကျွန်တော် ကျောင်းမနေရတော့ဘူးလို့တောင် တွေးထားတာ"

"သားရယ်"

သိမ့်နွယ် သားလေးကိုထွေးပွေ့ရင်း သမီးလေးကို သတိရသည့်စိတ်အား တွန်းလှန်နေရပါသည်။

သမီးလေးကို ဒေစီကျော်က သူမတုန်းကလို ဂရုစိုက်ပါ့မလား။ သမီးလေး ကျောင်းတက်တဲ့အခါရော အစစအရာရာ အဆင်ပြေပါ့မလားဆိုတဲ့စိတ်က ရင်တစ်ခုလုံးကို ပူလောင်စေသည်။

"မေမေ..."

"ပြောလေ သား"

ရင်ခွင်ထဲမှသားလေးက မိမိကို ခေါင်းထောင်ကြည့်လာသဖြင့် ပြောစရာတစ်ခုခု ရှိနေသည့်ပုံပင်။

"မေမေ တစ်ခါပြောဖူးတယ်လေ...မေမေ့ရဲ့သမီးလေးဆိုတာလေ"

"အိုကွယ်"

တစ်ခါလေးပြောပြထားရုံနဲ့ မှတ်မိနေသည့်သားလေးက သူမနဲ့ပတ်သက်ပြီး ဘယ်လောက်အလေးထားကြောင်းကို ထုတ်ပြောစရာပင် မလိုတော့ပါ။

ခိုနားရာOnde histórias criam vida. Descubra agora