Ep 5

2K 98 3
                                    

Unicode

အပိုင်း (၅)

"ဒယ်ဒီ..သမီး အဲ့အရုပ်လေး လိုချင်တယ်"

"ယူစေဗျာ"

"ခစ် ခစ်"

လက်တွန်းလှည်းလေးကိုတွန်းလာတဲ့ဖေဖေက ရွှေရည်မိုးပူဆာသမျှကို ပျော်ပျော်ကြီး ဝယ်ပေးနေသည်။
ခြူးကတော့ သူတို့အနောက်ကနေ အသံတိတ်လေး လိုက်လာခဲ့မိသည်။

တကယ်ဆို ဒီဈေးဝယ်ထွက်တာကို ခြူး မလိုက်ချင်ပါ။ ဖေဖေက မေမေနဲ့ Mart မှာ ပေးတွေ့မယ်ဆို၍သာ
လိုက်လာခဲ့ရခြင်းဖြစ်သည်။

သို့သော် ခုထိ မေမေ့အရိပ်ယောင်ကို မတွေ့ရသေး။

ခြူးရှေ့က ၃ ယောက်ကတော့ ခြူးကို ရှိတယ်လို့တောင် ထင်ရဲ့လားမသိ။ အပျော်ကြီး ပျော်နေကြသည်။

"ကို..သမီးက ရေခဲမုန့်စားချင်တယ်တဲ့... အိမ်မှာကတည်းက ပူဆာနေတာ"

"ဟုတ်လား...ဒါဆို သွားစားရအောင်လေ"

သူတို့ ၃ ယောက်တည်းသွားဖို့ပြင်ပြီးမှ ခြူးကို သတိရသွားတယ်နဲ့ တူပါရဲ့။ ဖေဖေက သူတို့နောက်ကနေ အသံတိတ်လိုက်လာတဲ့ခြူးကို

"သမီး..ခြူး..ရေခဲမုန့်စားမလား...သွားစို့"

ခြူးကိုလှည့်ပြောပြီးတာနဲ့ ရှေ့ကနေ အမြန်လျှောက်သွားတဲ့ဖေဖေက ခြူး ခေါင်းရမ်းပြီး တစ်ခုခုပြောလိုက်တာကို မြင်မသွားပါ။

"ရေခဲမုန့်မစားချင်ဘူး..မေမေနဲ့ပဲ တွေ့ပေး"

* * *

"မေမေ..ကျွန်တော့်သူငယ်ချင်းတွေကို အလည်ခေါ်ခဲ့တယ်"

ကျောင်းပိတ်ရက်မို့ အောင်မြတ်အိမ်ကို အလည်သွားရင်း အောင်မြတ်ကို မေမေနဲ့တွေ့ပေးဖို့ အိမ်ကို ခေါ်လာလိုက်သည်။

နှင်းနဲ့ အောင်မြတ်က အိမ်ချင်းကပ်လျက်ဆိုတော့ နှင်းကိုပါ တစ်ခါတည်း ခေါ်ခဲ့လိုက်သည်။

"လာ..အောင်မြတ်"

သူငယ်ချင်းတွေရဲ့အိမ်အကျယ်ကြီးကနေ သူနဲ့ မေမေနေထိုင်တဲ့ အိမ်ကျဉ်းကျဉ်းလေးဆီကို အလည်ခေါ်လာပေမယ့် သူ့စိတ်ထဲ အားငယ်တာမျိုး မဖြစ်မိပါ။ ဘာလို့ဆို ဒီအိမ်လေးက ကျဉ်းပေမယ့် မေမေ့ရဲ့နွေးထွေးတဲ့မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ အိမ်လေးဖြစ်နေလို့ပါ။

ခိုနားရာOnde histórias criam vida. Descubra agora