<Unicode>
သူက ကျွန်တော့်ဘဝမှာ အမြဲတမ်း နံပါတ်တစ် ဖြစ်နေခဲ့တာက မေမေ့ရဲ့ကျေးဇူးတရားတွေကြောင့်လား.. ဒါမှမဟုတ် နှလုံးသားရဲ့စေခိုင်းမှုကြောင့်လား.....
#ပိုင်ထက်ယံသိပ်သဘောကျတယ်... အလုခံလိုက်ရလို့ ပျက်ယွင်းသွားတဲ့ နင့်မျက်နှာကို ငါ အရမ်းသဘောကျတယ်... နင် စောင့်ကြည့်လိုက်...ငါ နင့်ဆီကနေ အရာအားလုံးကို လုယူမှာ... အထူးသဖြင့်... နင်တန်ဖိုးထားတဲ့ အရာမှန်သမျှကိုပေါ့.....
#ဆူးပန်းနီ(ခြူး)ငါငယ်ငယ်ကတည်းက လိုချင်တာအားလုံးကို လွယ်လွယ်လေး ရခဲ့တယ်... ဒါပေမယ့် နင်က ငါ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်ဖို့ မွေးလာတာလား... ဘာကြောင့် ငါလိုချင်တဲ့ အရာတိုင်းက နင့်လက်ထဲ ပါပါသွားရတာလဲ... တခြားအရာတွေကိုတော့ နင့်ဆိီ အပါခံနိုင်တယ်... ဒါပေမယ့် ငါချစ်တဲ့လူကိုတော့ လုံးဝ လက်မလွှတ်နိုင်ဘူး.....
#ရွှေရည်မိုးချစ်ခဲ့မိတယ်... ရင်နဲ့အပြည့် ချစ်ခဲ့ရတယ်... ဒါကြောင့်လည်း နှလုံးသားတစ်ခုလုံး ကြွေမွမတက် နာကျင်ရတယ်... ဘာမှ သွေးမတော်သားမစပ်တဲ့လူကို ချစ်သူတစ်ယောက်ထက် ပိုပြီးအလေးထားတဲ့ သူ့စိတ်ကို ဘယ်လိုမှ နားလည်ပေးလို့ မရဘူး..........
#နှင်းပွင့်လွှာတကယ်မရှိတဲ့စည်းတစ်ခုကို မင်းကိုယ်တိုင် ဖန်တီးခဲ့တာ... မင်းရဲ့ ခံစားချက်အစစ်အမှန်တွေကို မင်းကိုယ်တိုင် ဖုံးကွယ်ထားခဲ့တာ... မြင်အောင် ကြည့်စမ်းပါကွာ... မင်း သူ့ကို ချစ်တဲ့အချစ်က ၅၂၈ မဟုတ်ဘဲ ၁၅၀၀ ဖြစ်နေတယ်ဆိုတာ.........
#အောင်မြတ်Playboy တစ်ယောက်ရဲ့အသည်းကို မင်း ကောင်းကောင်းကစားနိုင်ခဲ့တယ်.. တကယ်ချစ်မိသွားတော့မှ စွန့်ပစ်သွားဖို့ အရင်ကတည်းက အစီအစဉ်ဆွဲခဲ့ပြီးသားလား... မင်းက သူများတွေပြောကြသလို တကယ်ပဲ အသည်းစားစုန်းမတစ်ယောက်ပဲ.. ဒါပေမယ့် အဲ့ဒီစုန်းမကို ငါ ရအောင်ယူပြမယ်... မင်းမှာရှိနေတဲ့ တောင်ဝှေးကို ရိုက်ချိုးပြီး ငါ့လက်ကို တွဲလာအောင် လုပ်ပြမယ်........
#မင်းဝဏ္ဏ
