(Unicode)-⏰⏰⏰⏰-
"ဟား...ငါအိပ်လို့ကောင်းတုန်းပါးစပ်ပိတ်ထား"
နာရီကို စားပွဲပေါ် ဂွက်ခနဲ မှောက်ချလိုက်ရင်း
မံမီကဲသို့ ထုပ်ထားသော စောင်ထုပ်ထဲမှ
ခြေကားယားလက်ကားယား ထွက်လိုက်ကာ
အိပ်ရာတဖက်ခြမ်းစီ ပြန်လှိမ့်လိုက်သည်..သို့ပေမဲ့ နှိုးစက်နာရှက ထွက်လာတဲ့ တီတီ အသံဟာ စည်းချက်ညီညီ ထွက်နေဆဲ.....
"yaaaa..မင်း နားငြီးတယ်လို့ဆို"
ငေါက်ခနဲ ထ,ထိုင်ကာ အိပ်ရာဘေးရှိ အဲကွန်း
ရီမုဒ်နဲ့ နာရီကိုထုထောင်းရန်ပြင်လိုက်စဉ် အိပ်ချင်မူးတူးဖြစ်နေတဲ့ကြားက မြင်လိုက်ရတဲ့ ၈နာရီအတိရောက်နေသော နာရီလက်တံကွေးကွေးများ.."မား....!!!"
အာခေါင်ခြစ်အော်ကာ အခန်းပြင်ပြေးထွက်ရန်ပြင်လိုက်သော် boxerတထည်သာရှိနေသော မိမိခန္ဓာကိုယ်ကို ခုမှသတိထားမိသည်..
"ကောင်စုတ်လေး..ဘာလို့အဲ့လောက်အာပြဲကြီးနဲ့အော်နေတာတုန်း ငါသေသွားလို့လား"
စကားသံတို့နှင့်အတူ အိမ်ပေါ်သို့တက်လာသော တဒုန်းဒုန်းအသံကြားမှ ယောင်ယောင်ယမ်းယမ်း တံခါးနောက်ပြန်ဝင်ကာ
ခေါင်းလေးပဲပြူထွက်၍...."မားမသေဘူး ကျွန်တော်သေတော့မှာဗျ
ဒီနေ့က အရေးကြီးတယ်လို့ဆို ...
ြပီးေတာ့ ပထမဆုံးနေ့ကို နောက်ကျပီ..
အာ့မားမနှိုးလို့လေ""အံမယ် ဘာကိစ္စမနှိုးရမှာတုန်း နင်ဆိုတာလေးက ဘယ်တုန်းကလွယ်လွယ်ကူကူနှိုးရလို့တုန်း ဟင်!"
"တော်ပြီ မားရာ နောက်ကျနေတယ်လို့ဆိုမှ...
ကျွန်တော်အခုဆင်းလာမယ် breakfast
ပြင်ပေးထားနော် ဟင်း..ချစ်တယ် မွ"*ဂျိန်း!!-
"ဟဲ့ဟဲ့ တံခါးတော့ပျက်တော့မှာပဲလူလိုမပိတ်ဘူး ပြီးရင်မြန်မြန်ဆင်းခဲ့"
အခန်းထဲက ဝူးဝူးဝါးဝါးအော်သံများကို တုန့်ပြန်မနေတော့ဘဲ သားတော်လေးကို မုန့်ပြင်ပေးဖို့သာ ဆင်းခဲ့လိုက်တော့သည်...
Perthဆိုတဲ့ ဒီကလေးဟာလေ တကယ့်ကို
ဂျစ်တိုက်လွန်းတဲ့ အကြောတင်းလေး...
ဘာကိုမှဂရုမစိုက် လုပ်ချင်ရာလုပ်တတ်တာကတော့ သူ့ဗီဇလိုကို ဖြစ်နေတာ ....

YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...