Part-13

1.2K 81 19
                                    


(Unicode)

"ဘာပြောလိုက်တယ် မင်းနောက်တစ်ခေါက်
ထပ်ပြောကြည့်စမ်း"

"ဟ ဘာလို့ဒီလောက်seriousဖြစ်နေရတာလဲ အဖြစ်လာသည်းနေတယ် မိန်းမကြီးကျလို့"

"ဘာ..မင်း!"

"ကဲကဲ တော်ကြပါတော့ဟယ် နှစ်ယောက်သားထပ်မကိုက်ကြပါနဲ့တော့"

"Bow!!"

"P'Bow!!"

လူကိုဝါးစားမတတ်ကြည့်လာတဲ့ ဗို့အားပြင်း
မျက်ဝန်း၂စုံကြောင့် Bowခါးကိုမတ်မတ်ထိုင်လိုက်ကာ...

"အဟမ်း..ငါပြောချင်တာကနင်တို့ကိုခွေးလို့
ဆိုလိုတာမဟုတ်ပါဘူးဟ... နင်တို့ကတွေ့တိုင်းကိုက်..အမ်း..ထားပါ
အဲ့တော့..Perthပြောပါဦး ညကအကြောင်း"

"ညက အဲ့လူကိုမိုးရေတွေရွှဲနေလို့ ဒီနားမှာသူ့တိုက်ခန်းရှိတယ်ဆိုပီးပြောတာနဲ့လိုက်ပို့လိုက်တာ..အဲ့ဒါနဲ့ အိပ်ခန်းထဲရောက်တော့..."

"ဘာလဲ..Oh god!! Saintကမင်းကိုမုဒိမ်းကျင့်လိုက်တာလား"

"ဟာ..P' !"

"Bow..ပါးစပ်ပိတ်ထားလိုက်တော့"

"အေး အေးပါ"

"အဲ့ဒါနဲ့ ရုတ်တရက်ကြီးတွဲကြမလားဆိုပီး
ကျွန်တော့်ကိုနမ်းတယ်"

"ဘာ! ငါက..မင်းကို..ဘာ.."

"ဟုတ်တယ် ခင်ဗျားကျွန်တော့်ကိုစော်ကားမော်ကားနဲ့လာနမ်းတာ၂ခါရှိပီ"

"နေပါဦး.အဲ့တော့ငါကမူးပီးနမ်းမိတာလေးနဲ့
..ဘာလို့မင်းချစ်သူဖြစ်‌ေပးရမှာလဲ"

"ခင်ဗျားနမ်းမိတာအတွက်
ပြန်ပေးဆပ်ရမှာပေါ့"

"မင်းနစ်နာသွားတယ်ဆိုတောင် တခြားနည်းနဲ့ငါတခုခုပြန်လုပ်ပေးလို့ရတယ်
ဘာလို့မင်းချစ်သူလုပ်ရမှာလဲ "

"လုပ်ရမှာပေါ့ သေချာပေါက်"

"အကြောင်းပြချက်ပြော ခိုင်ခိုင်လုံလုံအကြောင်းပြနိုင်ရင်ငါလက်ခံမယ်"

"အကြောင်းပြချက်..အင်း..ကြည့်ရတာညက
ကျွန်တော်ခင်ဗျားနဲ့ တွဲဖို့လက်ခံခဲ့တယ်
ထင်တယ်"

"ဝါး..တကယ်..Perthမင်းကကောသူ့ကို
လက်ခံလိုက်တာပေါ့ဟုတ်လား"

Be in love❤️🖤Where stories live. Discover now