(Unicode)"ဟာ...shittttt"
Perthစိတ်တိုတာမှ လူကခုန်ဆွဆွပင် ဖြစ်ချင်နေပီ ကျောင်းနောက်ကျနေတဲ့ အသိလည်း ခေါင်းထဲတွင်မရှိတော့....
ကျောပိုးအိတ်ကို တစ်ဖက်တည်းတစောင်းလွယ်ပြီး အေးအေးဆေးဆေး တရွေ့ရွေ့သွားနေသော အဝေးရှိ ကျောပြင်ကျယ်ကြီးကို တဘုန်းဘုန်း ပြေးထုပလိုက်ချင်သည်....
သက်သက်လူရာမသွင်းတဲ့ပုံ လုပ်သွားတာ...
တကယ်ဆို Perth Tanaponဆိုသည့်သူ့မှာလည်း နည်းပါးလွန်းသော အပေါင်းအသင်းတစုနှင့်သာ ဖော်ရွေတတ်ပီး တခြားသူများကို သိပ်ခေါင်းထဲမထည့်တတ်...မာနကြီးတာမျိုးမဟုတ်ပေမဲ့ လူတိုင်းနှင့်မရောတတ်သည့်သူမို့ 'ချေတယ်'ဟူသည် အသွားသာရှိပြီး အပြန်မရှိတတ်ပေ.....
"အွီး..တချက်လောက်ပစ်ထိုးချင်လိုက်တာကွာ!"
"လုပ်ရက်လို့လားကွာ နုနုဥဥမျက်နှာလေးကို"
Perthပုခုံးကို ဖက်ရင်းပြောလာသော လူယ်
တယောက်... ကြည့်ရတာ သူနဲ့ရွယ်တူ
First yearပင် ဖြစ်လောက်မည်...နဂိုကမှ စိတ်တိုနေတာမို့ မဆိုင်ဘဲ လာတင်နေတဲ့ ပုခုံးပေါ်ကလက်ကို ခပ်ဆတ်ဆတ်ရှောင်ဖယ်ရင်း...
"ဘယ်ကနုနုဥဥလဲ!"
"ဟွင်း...မချောဘူးလား"
Perthက နှုတ်ခမ်းနှစ်ခုကို အနည်းငယ်
စုလိုက်ပီး Saintထွက်သွားသည့်လမ်းဘက်ကို မျက်နှာမူကာ မရှိတော့သည့်သူအား
ပြန်မြင်ကြည့်၍....."ချောတာတော့သောက်ရမ်းပဲ"
ထိုအခါ သူ့ပုခုံးကိုပုတ်၍ 'ဒီလိုပဲ'ဆိုသည့်မျက်နှာနှင့် ခုနကလူက ပြုံးဖြီးဖြီးလုပ်လာသည်.....
သို့သော် သူဂရုမစိုက်ပါ..သူအမှန်ပြောလိုက်ခြင်းမလား...မျက်နှာကိုစ,စမြင်တုန်းကဆို ငေးကနဲဖြစ်သွားလိုက်သေးတာ....
ချောတာထက် လှနေခဲ့လို့....ဟင်း..ရုပ်နဲ့လူနဲ့မလိုက်တဲ့
နတ်ဆိုးကောင်ကြီး....."ဒါနဲ့ ငါကPerth မင်းကFirst yearပဲလား "
စိတ်ကို လျှော့၍ တစ်ဖက်ကလူကို မိတ်ဆက်လိုက်တော့....တစ်ဖက်က မျက်ခုံးကိုပင့်၍ လက်ဆွဲနှုတ်ဆက်လာသည်....

YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...