part-9

1.4K 100 9
                                    


(Unicode)

ရယ်နေတယ်....လက်ခုပ်တီးပြီးတော့ကို
စိတ်လိုလက်ရ...အော်ရယ်နေတယ်....

မျက်လုံးပေါက်လေးတွေ မှေးကျသွားတဲ့အထိ....သွားညီညီလေးတွေပေါ်လာတဲ့အထိ....ပါးလေးတွေမို့တက်လာတဲ့အထိ.....

နဖူးပြင်ပေါ်က ခပ်အုပ်အုပ်နီညိုရောင်ဆံပင်ပျော့ပျော့လေးတွေကို ခါရမ်းပြီးတော့...ရယ်မောနေတာက.......

"..."

"ဟမ်..မင်းတခုခုပြောလိုက်တာလားPerth"

မျက်နှာချင်းဆိုင်က Markစကားကိုကြားတော့ ဖုန်းscreenကိုချက်ချင်းoffလုပ်လိုက်သည်.....ဘာလို့ ဒီvdကိုထပ်ကြည့်နေတာလဲ Perth.....မနေ့က ကြည့်ပီးသားပဲကို....

Vdက...၂မိနစ်စာလောက်လေး...

ကောင်လေးတယောက်က အူယားဖွယ်အော်ရယ်နေတာကို ကြည့်ပြီးတော့
သူဒီနာမ်စားကို ထပ်ရေရွတ်မိပြန်ပီ.....
မနေ့ကလိုပဲ...ထပ်ပြီးသတိလက်လွတ်...

"Perth! ဟေ့ကောင်"

"အမ်..ဟမ်"

"ဘာလားကွာ..ဘာဖြစ်နေတာလဲ ခုနကလဲ
တစ်ချိန်လုံးပြုံးစိစိနဲ့..."

ဘယ်လို..သူဒါကိုကြည့်ပြီးပြုံးနေခဲ့ပြန်ပြီလား......

"ဟူး..ကျစ်"

"မင်းစိတ်နဲ့လူနဲ့ကပ်စမ်းပါဦး Perth"

"ငါကဘာဖြစ်နေလို့လဲ"

"မင်းပဲစာကြည့်မယ်ဆိုပီးငါ့ကိုခေါ်လာတာလေ...ပြီးတော့ တစ်ချိန်လုံးဖုန်းကြည့်ပြီးပြုံးနေ ..တစ်ချက်တစ်ချက် တခုခုလဲပြောသေးသလားလို့"

ဟာကွာ...အဲ့နာမ်စား...ဘယ်ကထွက်လာမှန်းကိုမသိဘူး..လိုက်ဖက်မှုမရှိ.....

ချစ်စရာကောင်းလွန်းတော့ အဲ့နာမ်စားကို မသိစိတ်က ထွက်လာမိတာများလား...

"ဘာ..ဘာမှမပြောဘူးကိုယ့်စာကိုယ်လုပ်"

"စာမလုပ်တာကဘယ်သူလဲ"

Perthဘာမှပြန်မပြောဘဲ မျက်နှာလွှဲလိုက်တော့...သူတို့ဝိုင်းဆီတည့်တည့်လျှောက်လာနေတဲ့ P'Bowကလက်ပြရင်းပြုံးပြလာသည်...

အနားရောက်လာတော့ ခေါင်းငြိမ့်နှုတ်ဆက်လိုက်ရင်း...

"P' စကားခနပြောရအောင်"

Be in love❤️🖤Where stories live. Discover now