အချစ်က ချစ်နေရုံနဲ့ ချိုမြိန်ပေမဲ့...
ဘဝကတော့ ချစ်နေရုံနဲ့ မသာယာဘူး..."Perth!"
Perthက Saintရဲ့ကိုယ်လုံးလေးကို လက်မောင်းကနေ ဖိကိုင်ကာ သူ့ရင်ခွင်ထဲ ဇွတ်ဆွဲသွင်းနေတော့ မကျေမချမ်း အသံတိုးတိုးကြိတ်ကြိတ်လေး ထွက်လာသည်....
ခုမှ ကိုယ့်မြေကို ခြေချရလို့ စိတ်လေးကြည်လင်နေရုံရှိသေး...လေဆိပ်ကနေ အိမ်ပြန်ဖို့ companyက ကားနဲ့လာကြိုသည်...
သို့သော်ငြား အတွင်းရေးမှူးဦးလေးကြီးကို အရေးကြီးတဲ့meetingတခု တက်ခိုင်းထားလို့ လာကြိုတဲ့ဝန်ထမ်းdriverက သက်လတ်ပိုင်းအမျိုးသားတယောက်....
ဦးလေးကြီးကတော့ အတွင်းရေးမှူးတို့ရဲ့ ဝိသေသနှင့်အညီ သူများprivacyကို မစပ်စုတတ်သူဖြစ်တာကြောင့် perthနဲ့သူ့အဖို့ ကားထဲတွင် ပူးကပ်ထိုင်နေလည်း အနေရခက်ခြင်းမရှိ အဆင်ပြေသည်...
ယခု ဝန်ထမ်းက သက်လတ်ပိုင်းလည်းဖြစ်တာကြောင့် နောက်ကြည့်မှန်ကနေ ကောင်လေးရင်ခွင်ထဲ မှီအိပ်နေသည့်သူ့အား,အထူးသဖြင့် သူ့အားယုယုယယ ဖက်တွယ်ထားသည့် ေကာင်ေလးကို ထူးဆန်းသလို ခနခန လှမ်းကြည့်သည်....
ထို့ကြောင့် လျော့ရဲရဲ ထိုင်နေရာကနေ မတ်မတ်ထထိုင်လိုက်ချိန်မှာ အတင်းပြန်သိမ်းဖက်နေသော ကောင်လေးနှင့် သူခပ်ကြိတ်ကြိတ်ရန်ဖြစ်ရတော့သည်....
"ဘယ်လိုဖြစ်! လွှတ်ဦး"
"ဟင့်အင်း ဒီတိုင်းနေ"
ပြောလိုက်မှ တစက်မှအလျှော့မပေးဘဲ ရင်ခွင်ထဲ ပိုနီးကပ်အောင် ဆွဲယူလိုက်သည့် ကောင်လေးအား သူတကယ်စိတ်ဆိုးချင်လာပီဖြစ်သည်....
မကြိုက်ပါဘူး လူရှေ့သူရှေ့အဲ့လိုလုပ်တာ...
ရှက်နေမှန်း အနေရခက်မှန်းသိရဲ့နဲ့ လူကြားထဲမှာ အတင်းဖက်တာတို့ ဆွဲနမ်းတာတို့က roဆန်တာမဟုတ်ဘဲ သက်သက်အနိုင်ကျင့်တာမျိုးလို့ သူကတော့ ခံယူသည်...
ချစ်တယ်ဆိုရင် ကိုယ်ချစ်တဲ့သူအနေရမခက်အောင်..သိက္ခာကျအောင် မလုပ်သင့်ဘူးမလား....
ထိုစကားတွေကို ကောင်လေးကိုပြောပြဖူးသည်....ကောင်လေးကလဲ လက်ခံသည်..ရုပ်ရှင်ရုံတွင် အတွဲခုံမရဘဲ အကြောင်းကြောင်းကြောင့် ရိုးရိုးတန်းမှာထိုင်ရလျှင် ကောင်လေးက လက်ကိုင်တာလောက်ပဲလုပ်သည်....နမ်းဖို့ ဖက်ဖို့ဆိုတာဝေး...
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...