Part..27(C)..!17+

1.8K 116 40
                                    


"ဒါပေမဲ့ ငယ့်ကြောင့်မှမဟုတ်တာ..ကံဆိုးလို့ဖြစ်သွားရတာပါ.."

နေဝင်သွားပီဖြစ်တဲ့ ညနေစောင်းရဲ့ လေတဖြူးဖြူးဝင်တိုက်နေတဲ့......ဝရံတာလေးမှာ..နှစ်ယောက်သား
မတ်တတ်ရပ်ရင်း ဦးတည်ရာမရှိ ငေးနေမိကြတယ်..

Saintက ဝရံတာဘောင်ပေါ်ကို လက်နှစ်ဖက်ပစ်တင်မှီထားကာ perthကတော့ saintပုခုံးတေပေါ်မှဝိုက်ကျော်ကာ လက်တို့ကို saintလက်ဖမိုးတေပေါ် ထပ်ရက်ကပ်ထားလိုက်တယ်....

လက်နှစ်ဖက်ကို ခွဲထောက်ထားတာမို့ Saintကျောနှင့် သူ့ရင်ဘတ်တို့ကို ကပ်ကာ နားနောက်က မှဲ့ညိုညိုလေးကိုနမ်းလိုက်...ဝေ့ဝဲလာတဲ့ဆံစလေးတေကို နမ်းလိုက်နှင့်.....

"ဒါပေမဲ့လည်း..ငါ...ငါလုပ်မိ.."

"ဒီမှာ..ငယ်...ကျွန်တော့်ကိုကြည့်စမ်း"

Perth..saintပုခုံးကို အသာအယာ ဆွဲလှည့်လိုက်ကာ ဝရံတာဘောင်လက်တန်းမှာ ကျောကပ်စေလိုက်သည်...ဘောင်ပေါ်အတင်းမှီထားလျှင် ကျောနာမည်ဆိုး၍ လက်နှစ်ဖက်နှင့် ခါးနောက်ကို ပွေ့ထိန်းခံ​​ပေးထားလိုက်သေးသည်.....

"ငယ်..ငယ့်ရဲ့မေမေကိုချစ်သလား.."

Saintခေါင်းငြိမ့်ကာ ခပ်သာသာပြုံးသည်...မွေးစားအမေဆိုပေမဲ့...သူ့အပေါ် အရမ်းချစ်ပေးခဲ့တာ အရမ်းနွေးထွေးပေးခဲ့တာ...Pawနဲ့တော့..ဘာမှကိုမဆိုင်....

"အင်းပေါ့..ငယ်ရဲ့..ကိုယ်ချစ်တဲ့သူကို ဘယ်သူကထိခိုက်စေချင်မှာလဲ..နော်...မတော်တဆဖြစ်ခဲ့တာပဲ..ကိုယ့်ကိုယ်ကိုယ်အဲ့လောက်မနှိပ်စက်ရဘူးလေကွာ"

ခေါင်းငုံ့ထားသည့် ကလေးလိုလို ယုန်တုတ်လေးရဲ့ ပါးကိုခပ်ဖွဖွကိုင်ကာ မော့စေတော့..မျက်ရည်ဥတေက တွဲခိုနေပီ....

ငယ်ကဒီအတိတ်တေကို..သူ့အပေါ်ဖွင့်ပြောဖို့ ဘယ်လောက်တောင်အားတင်းခဲ့ရမလဲ...ဘယ်သူ့ကိုမှ ရင်မဖွင့်ဘဲ သူ့ကိုယ်သူ အပြစ်တင်နှိပ်စက်နေခဲ့တာမလား....

ပြောရင်းပြောရင်းနဲ့ ခုနကမှ ရှိုက်ကြီးတငင်ငင် ငိုထားရတာကို ခုလဲ မျက်ရည်ကျနေပြန်ပီ....

"အဆင်ပြေသွားမှာပါ...ငယ့်ဘေးမှာ ကျွန်တော်ရှိတယ်လေ နော်..."

Be in love❤️🖤Where stories live. Discover now