(Part..) I💗U~~

1.8K 94 41
                                    


"ငယ် သေချာပီနော်"

သူခေါင်းငြိမ့်ရင်း မေးတော့ လက်နှစ်ဖက်ကိုဘယ်နားထားရမှန်းမသိ ဖြစ်နေတဲ့ငယ်က ပြူးပြဲပီးမော့ကြည့်လာတယ်

"တော်ပီ ငယ်ရာ နောက်မှ..."

"အာ~~ရပါတယ်ဆို ငါစိတ်မလှုပ်ရှားပါဘူး ရတယ်"

လှည့်ထွက်ဟန်ပြင်နေသည့် သူ့လက်မောင်းအား ‌အတင်းဆွဲလှည့်ပီး အိမ်ထဲဝင်ဖို့ကြံရွယ်နေသည့်ငယ်က လက်ထဲမှာဟင်းချက်ဖွယ်ရာအထုတ်တေအပြည့်နဲ့....

ကူဆွဲပေးပါမည်ဆိုတာလဲ လက်မခံဘဲ ကျွန်တော့်ဆီနည်းနည်းသာခွဲပေးပီး သူပဲအကုန်သယ်လာသည်က အိမ်မရောက်ခင်လမ်းထိပ်ကတည်းက....

မားဆီက အမှတ်တွေရဖို့ ရေကုန်ရေခန်းကြိုးစားတော့မည့်ပုံ....အော် ဟုတ်တာပေါ့ ကျွန်တော်တို့ကခု မားအိမ်ရှေ့မှာ...ယောက္ခမ​လောင်းကိုဟင်းချက်​​ကျွေးပီး အမှတ်​ယူမယ်​ဆိုတဲ့ အကြံဇိုးကြီး​ကြောင့်​ ​ရောက်​လာတယ်​​ပေါ့ဗျာ....

"bellတီးလိုက်​​တော့မယ်​​နော်​"

ငယ့်​လက်​တဖက်​အား လှမ်းဆုပ်​ကိုင်​ပီး လက်​တဖက်​က bellကိုတီးလိုက်​​တော့ တင်းကြပ်​သွားတဲ့ ငယ့်​လက်​​လေး​တေက​ချွေး​လေး​တေစို့လို့...

အဆင်​​ပြေရင်​ တခါတည်းဖွင့်​​ပြောဖို့ စီစဉ်​ထားတာဆို​တော့ ငယ်​လည်းစိတ်​လှုပ်​ရှား​နေတာပင်

"သားPerth!"

"မား~~လွမ်းနေတာ "

ခါးကိုဖက်ပီး ချွဲမိတော့ 'အပိုတေ'ဆိုသည့်ပုံနှင့် မားက မျက်စောင်းထိုးကာ ငယ်ရှိရာဆီ အကြည့်စူးစူးနှင့် အပြုံးချိုချိုတို့ ဖျန့်ကျက်လာသည်....

"ဆာဝါဒီခ  mae အာ~~maeလို့ခေါ်မယ်နော်maeဗျ "

"ဆာဝါဒီ ကြိုက်သလိုခေါ်ပါ သား.."

"Saintပါဗျ ^^ "

"အင်း သားSaint"

ငယ့်ရဲ့မရဲတရဲ အပြုံးချိုချိုတို့ကြောင့် မားက အသံထွက်အောင် တချက်ရယ်ကာ ငယ့်ဆံပင်တို့အား ချစ်စနိုးဖွပေးလာသည်...

မား ငယ့်ကိုဒီလောက်လေးနဲ့တောင် အူယားနေရင် နောက်ကျ ပိုသဘောကျလာဦးမှာပါ..ငယ် ခြွေရင် ဘုတ်ကနဲတောင် ကြွေကျလာမှာမြင်ယောင်မိ😆

Be in love❤️🖤Where stories live. Discover now