"သား..မလာစဖူး ကုမ္ပဏီတောင်ရောက်လာပါလား..."
"ဟုတ် Daddy"
Meeting ပီးပီးချင်း သူစောင့်နေ၍ အလောတကြီး ရောက်လာသော daddyက အပေါ်ဝတ်ကုတ်အကျီကို ချွတ်ကာ ခုံပေါ်လွှားရင်း တည်တည်ကြည်ကြည်မျက်နှာထားနဲ့ ဆိုဖာတွင် ခတ်မတ်မတ်ဝင်ထိုင်လေသည်....
ဩဇာအာဏာနဲ့ပနံသင့်သော Daddyက အကြည့်တချက်နဲ့တင် သူ့အား သေးသိမ်သယောင်ဖြစ်စေသော်လည်း ငယ့်ပါးဖောင်းကြီးကို စိတ်ထဲမှ မြင်ယောင်ကာ အားတင်းလိုက်သည်...
"ကျွန်တော်ဘာလို့ရောက်လာတာလဲ Daddyသိမှာပါနော် သားရှည်ရှည်ဝေးဝေးတေ ပြောမနေတော့ဘူး Daddy သားတို့ကိုခွင့်ပြု ပေးပါ"
လက်နှစ်ဖက်ကို Daddyမမြင်အောင် ခပ်တင်းတင်းဆုပ်ပီး တရစပ်ပြောချလိုက်တော့ ဟင်း ကနဲ သက်ပြင်းသံကို ကြားလိုက်ရသည်...
Daddyမျက်နှာကို သူမကြည့်ရဲပါ..ငယ်ငယ်ကတည်းက ဘလိုကိစ္စမျိုးမှာမှ အိမ်ကြောက်ရသည့်အထဲတွင် Perth tanaponမပါဝင်ခဲ့...လုပ်ချင်တာလုပ်ခဲ့ပီးမှ မိဘတေကိုအသိပေးတယ်ဆိုရုံလောက်လေး ဖွင့်ပြောကာ ဖြေရှင်းစေသည်...
ဒါကြောင့်လည်း အိမ်နီးနားချင်းတချို့က ချစ်စနိုးနဲ့ ဂျစ်တူးလေးလို့ ခေါ်ခြင်းပင်....ခုကတော့ မတူ....အချစ်ရေးမှာ ဒီလိုစိုးရိမ်ကြောင့်ကြနေဖို့ တခါမှ စိတ်မကူးဖူးပေမဲ့ ကိုယ်ချစ်မိရွေးမိတာက ယောကျာ်းလေးတယောက်ဆိုတော့လဲ...။ ထားပါ သူကတော့ ဘလိုဖြစ်ဖြစ် ငယ့်ကိုယူမှာပဲ...တခုခုဆို အမြဲကာဆီးကာဆီးလုပ်တတ်တဲ့ မားတောင် သူ့ဘက်မရှိတာ daddyသဘောမတူတော့ကော ဘာအရေးလဲ....
"သားက Daddyကို အသိပေးတာလား
ခွင့်တောင်းတာလား"".......နှစ်ခုလုံးပါပဲDaddy "
"သားPerth..သားPerth..သားက တကယ့်ကလေးပဲ Suppapong Ceo မာနခဲလေးကိုတောင်ကြွေကျအောင် လုပ်နိုင်တယ်ဆိုတော့...."
"တကယ်တော့ သားက ကြွေကျခဲ့တာပါ daddy..သားငယ့်ကိုတကယ်ချစ်တာ"
"ငယ်?? သား ငယ်လို့ပြောလိုက်တာလား"
"........."
သူဘာပြောရမှန်းမသိခင်မှာ daddyမျက်နှာက အပြုံးရေးရေးလေး...လှောင်ပြောင်လိုစိတ်ရှိမနေပေမဲ့ သဘောတကျ ပြုံးနေတာမျိုးလည်းမဟုတ်....

YOU ARE READING
Be in love❤️🖤
ЧиклитPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...