Part-4

1.4K 85 9
                                    


(Unicode)

"ဟေး လူပုစိတ်တိုလေး P'နဲ့ခင်ကြမလား"

လူပုစိတ်တို..လူပုစိတ်တို...တဲ့ ..!!

"မခင်ဘူး"

Perthအရှေ့က P'ကိုမျက်ထောင့်နီနဲ့ကြည့်ကာ ငြင်းပစ်လိုက်သည်..လူတိုင်းပုချင်လို့ပုမရတဲ့ခေတ်မှာ သူကဆန်းရှိနေတာလေ....
ဒါကိုများ ရာရာစစ!

"ဟာ..Nongရယ် စိတ်မဆိုးပါနဲ့ကွာ
P'ကအပျော်သဘောပြောလိုက်တာ ပြီးတော့
nongကခုနကတစ်ယောက်တည်း ဒေါသတွေထွက်...မီးတွေရှို့နေလို့"

Perth ထိုမိန်းမ,သိပ်မဆန်သည့်အမကို အကဲခတ်ကြည့်တော့ ဝ,တာမျိုးမဟုတ်ပေမဲ့ ခန္ဓာကိုယ်ကပြည့်ပြည့်လေး..စတိုင်တကျဝတ်ဆင်တတ်မှုနဲ့
လိုက်ဖက်တဲ့ make-up lookကြောင့်
အင်း...လှတယ်ဆိုရမှာပဲ....

"ထားပါတော့ ကျွန်တော့်နာမည်ကPerth"

"အင်း..P'နာမည်ကBow..ခုခင်သွားပီနော်"

"ဟုတ်..ကျွန်တော်ကခုမှfirst yearမို့
ကူညီပါဦး"

"အင်း..P'ကဘွဲ့လွန်နောက်ဆုံးနှစ် "

"အော်..ဘွဲ့လွန်ကဘယ်နှနှစ်တက်ရလဲP' "

"၂နှစ်လေP'တို့မေဂျာက ဒါပေမဲ့ P'ကပထမနှစ်မှာ တခါကျလိုက်သေးတယ်😁😁"

'များလိုက်တဲ့ repeater'

"ဒါဆို P'က ကျွန်တော့်ထက်၆နှစ်ကြီးတာပေါ့"

"ဟုတ်တယ် Saintနဲ့မင်းနဲ့ဆို၃နှစ်ကွာတယ်
သူကပထမနှစ်ပီးတော့ကျန်းမာရေးအခြေအနေ
ကြောင့် တစ်နှစ်နားရသေးတော့လေ"

"ကျွန်တော်မေးမိလို့လား"

"အော် nongကSaintအပေါ်အမြင်မကြည်လို့
ပြောပြတာပါ Saintကတကယ်တော့စိတ်ရင်း
အင်မတန်ကောင်းတယ် nongကံကောင်းရင်
တော့သိခွင့်ရမှာပါ"

ဖြစ်ရမယ် သူ့စိတ်ရင်းကိုသိရမှာတောင်
ကံကောင်းမှလား...

"ကဲ..P'သွားဦးမယ် nong နောက်နေ့မှကျောင်းထဲလိုက်ပြပေးမယ်အဖော်မရှိရင်
Bye!"

P'Bowထွက်သွားတာနဲ့ Perthလည်း
အရှေ့ကလူကိုပခုံးပုတ် ခေါ်လိုက်ကာ

"ဟေ့ P'Saintကသဘောကောင်းတယ်ဆို"

"ရူးနေလို့လား!!"

Be in love❤️🖤Where stories live. Discover now