Part-6

1.2K 77 5
                                    


(Unicode)

"ဟေး Perth အိပ်ရာထ,နောက်ကျ ပြန်ပီလား"

"အင်း"

အိပ်ရာထ,နောက်ကျလို့, busမမီလို့, ဗိုက်ဆာတာနဲ့မုန့်ဝင်စားနေလို့...စတဲ့အကြောင်းပြချက်တွေနဲ့ Perthကျောင်းနောက်ကျနေတာ ဒီတပတ်လုံးနီးနီးပင်....

ညနေကျောင်းဆင်းရင်လည်း....
လှစ်ခနဲလှစ်ခနဲ....ဖမ်းလို့တောင်မမိ....

"မင်းဒီရက်ပိုင်း ဘာတေဖြစ်နေတာလဲ"

"ဘာကိုလဲ"

"မင်းမူမမှန်ဘူးလေ မနက်ဆိုနောက်ကျ ညနေဆို ပျောက်သွားပြန်ရော
ဘာလည်းပိုးကြေးပန်းကြေး
အလုပ်တွေရှိနေပီလား"

"ဘာ..ဘာကိုပိုးကြေးပန်းကြေး..ဟာ..
အဲ့ဒါတွေစိတ်မဝင်စားနိုင်သေးပါဘူး"

"ဒါဆိုဘာဖြစ်နေတာတုန်း"

"ဘာမှမဖြစ်ဘူးလို့ဆိုကွာ တော်တော်နားငြီးတယ် သေချာတယ်မင်းကUke"

"shittt uke..ယောကျာ်းလေးတွေ့တိုင်း အထီး,အမ လိုက်ခွဲမနေနဲ့ အကုန်အထီးစစ်စစ်တွေချည်းပဲ"

"အကုန်မစစ်တော့ဘူးကွ မသိရင်နေစမ်းပါ"

"အဟင်း မင်းရောစစ်သေးလားAi Perth"

သွေးတိုးစမ်းသလို မေးလာသည့် Markအား
မထီမဲ့မြင် ပြုံးပြလိုက်သော Perthသည်
မာန်ပါပါ ခါးထောက်လျက်...

ဆံပင်အလိမ်အကောက်လေးတစုသည်
နဖူးပေါ်အနည်းငယ် ကွေးကျနေကာ
ဝက်ဝံစွပ်ဖိနပ်ကြီးမဟုတ်တော့သော်လည်း.. ဘွတ်ဖိနပ်မကြိုက်သည့်ငနဲလေးက..
ကြုံရာကောက်စွပ်လာသည့်
ဖော့ဖိနပ်အပါးလေးနဲ့......

"တစ်လောကလုံး မစစ်တော့တဲ့တစ်နေ့ထိ
ငါကစစ်နေဦးမှာ မှတ်ထား"

ဆောင့်ကြွားဆောင့်ကြွားနဲ့ ရှေ့ကထွက်သွားသော ထိုကောင်လေးဆီမှ နောက်ထပ်ကြားရသည့် စကားကြောင့် Markခဗျာ 'အင်'ခနဲပင်
ဖြစ်သွားရသည်...

'မတော်တဆ မစစ်သွားရင်တောင် ငါကseme'

..............

ဆရာမစာရှင်းနေတဲ့ထဲလည်း Perthစိတ်မရောက် လူကဒီရက်ပိုင်း ဘာမှကိုမလုပ်ချင်ဘဲ တော်တော်ပျင်းနေတာ...
ဘာလို့ပျင်းတာလဲ.....

Be in love❤️🖤Where stories live. Discover now