Part-8

1.3K 87 13
                                    


(Unicode)

"မား..ကျွန်တော်လာတယ်"

"မား.."

"မားရေ.."

"ဟာ မာမား..!"

Perthဘယ်လိုအော်အော်'အာပြဲကြီးနဲ့'ဆိုပီး
အပြစ်တင်တဲ့ မားအသံကိုမကြားရ.....

ကျောပိုးအိတ်အား ခုံပေါ်တွင် အသာချကာ
ဧည့်ခန်း၏ ဘေးကပ်ရပ်က လော့ချထားလေ့
မရှိ‌ေသာ မားအခန်းထဲသို့ ခြေသံဖော့
ဝင်သွားလိုက်သည်...

မား အိပ်နေတာပဲ....

ည၈နာရီပင် ရှိသေးသော်လည်း ညအိပ်မီးရောင်ပြာလဲ့လဲအောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေရှာသော မား၏လက်ကိုယူကာ ပါးပြင်တွင် ကပ်လိုက်မိသည်...

အိပ်ဆေးတွေသောက်ပြီး အိပ်ရပြန်ပြီ....

ဘေးနားက ပွင့်နေသော အံဆွဲထဲသို့ အကြည့်အရောက် သက်ပြင်းမောတချို့ကို ခိုး၍ချလိုက်မိသည်....

အချစ်ဦး...မားပြောနေကျ ထောင်ချောက်တစ်ခုဆိုတဲ့ အချစ်ဦး...ဆိုသူရဲ့ဓာတ်ပုံ

ထိုအချစ်ဦးဟာ Daddyပါပဲ.....
သို့သော် အထက်တန်းကျောင်းကတည်းက ချစ်ခဲ့ရသော အချစ်ဦး၏ ဓာတ်ပုံအား အမြတ်တနိုး သိမ်းဆည်းထားသည့် မားက အစွဲကြီးသူ တစ်ယောက်ဖြစ်သည်.....

'ကွာရှင်းမှု' ဖြစ်ပြီးတာတောင်မှလေ....

ဘာလို့လဲ?? ဘာလို့ ကွာရှင်းခဲ့ကြတာလဲ??
သိချင်ပေမဲ့ မမေးဖြစ်ခဲ့...'ဘယ်တတ်နိုင်မလဲ'
ဟူသော အဆိုဖြင့် နာကျင်မှုတချို့ကို ရင်ဘတ်ကြီးနဲ့သာ ကြိတ်မှိတ်ခံစား အရည်ဖျော်ခဲ့သည်.....

နားလည်ပေးနိုင်သော သားသမီးတစ်ယောက်အဖြစ် နှစ်ယောက်လုံးဆီက
အချစ်ခံချင်သည်....

Daddyက မားမဟုတ်တဲ့ မိန်းမတစ်ယောက်ကို...ချစ်တယ်ဆိုတာကိုလဲ လက်ခံခဲ့သည်...

ဝေးကွာမှုတွေ မရှိစေချင်လို့ နားလည်ပေးခဲ့ရင်းမျိုသိပ်ရတာတွေ ဘယ်သူမှမသိပေမဲ့....

အိပ်ဆေးတွေသောက်နေတဲ့ မားကိုမသိချင်ယောင်ဆောင်ရတယ်...

တခါတရံအလွမ်းဓာတ်ခံမျက်ဝန်းတွေကို
မမြင်ချင်ယောင်ဆောင်ရတယ်....

Be in love❤️🖤Where stories live. Discover now