(Unicode)
"ဝှါး...အင်းးးး"
Perthနဲ့ ရန်ဖြစ်တွတ်ထိုးပီး မောသွားသည့်နှယ်...Saintဆိုဖာခုံပေါ် ပစ်မှီလိုက်ရင်း အကြောတေွ ဆန့်ထုတ်ပစ်လိုက်သည်....
မှေးစင်းလာတဲ့ မျက်လုံးတို့ကို လက်ဖမိုးတို့နဲ့ပွတ်သပ်ကာ ဝှါးထပ်သန်းမိတော့ မပွင့်တပွင့်မျက်ဝန်းထဲမှ လှမ်းမြင်လိုက်တဲ့ ပြုံးစိစိမျက်နှာကြီး......
စားပြီးသောက်ပြီးပန်းကန်တွေ
သိမ်းဆည်းနေတဲ့ Perthဟာ ပန်းကန်တေွသိမ်းလိုက် သူ့ကိုလှည့်ကြည့်လိုက်နဲ့ ပြုံးဖြီးဖြီးလုပ်နေလေရဲ့.... ကြာတော့ သူတောင်
စိတ်မလုံတော့ဘူး....."အာ့ဘာဖြစ်...ဝှါး....ဟင်း"
စကားတောင်မဆုံးနိုင်ဘဲ မနေနိုင်မထိုင်နိုင်ထ,သန်းကာ နုံးချာချာနဲ့ သက်ပြင်းချမိတော့ ဟိုကလေးဆီက သဘောတကျရယ်သံလွင်လွင်ထွက်လာသည်....
ခွီကနဲ ကြိတ်မနိုင်ခဲမရရယ်သံလို ကြားနေကျအသံမျိုးမဟုတ်...ကျေနပ်ပီတိတေနဲ့
တစ်ခုခုကို မချင့်မရဲ ခပ်ဟဟရယ်တာမျိုး..."အိပ်ချင်ပီလား ငယ်"
ငယ်?? အဲ့လိုမခေါ်ဖို့ တားမြစ်ခဲ့ဖူးသလားလို့...တစ်ခုခုတုန့်ပြန်ဖို့ လမ်းစ,ရှာနေမိတုန်း ခေါင်းပေါ်ရောက်လာတဲ့ လက်တစ်စုံ....
ဆတ်ခနဲဆွဲဖယ်လိုက်ဖို့ လက်မြှောက်ပီးမှ ဆံပင်ခွဲလိုင်းလေးတေအတိုင်းခပ်ဖွဖွပွတ်ဆွဲရင်း ခေါင်းကိုခပ်သာသာလေး ဖိကိုင်လှုပ်ရမ်းနေတာမို့ ဇက်ကလေးပုပီး ငြိမ်နေမိလိုက်သည်.....
သိပ်တူတာပဲ...တချိန်တခါက သူ့ခေါင်းပေါ်သက်ရောက်ခဲ့တဲ့ maeရဲ့လက်တစုံနဲ့
တူလိုက်တာ.....မားဆီက ချစ်စနိုးနဲ့ခေါင်းကိုခပ်ဖွဖွပွတ်ခံရတိုင်း ရင်ထဲကိုသိမ့်ခနဲနွေးထွေးပီး
ကြည်နူးရသလိုမျိုး...."ကြောင်ပေါက်လေးလိုပဲ ဟက်.."
ဤ'ဟက်' ဆိုသည့်ရယ်သံသည် အရင်လိုသူနဲ့တွေ့တိုင်း ရန်တွေ့လှောင်ပြောင်ခနဲ့သံမျိုးမဟုတ်.....အရမ်းကိုသဘောတကျနဲ့ အသံထွက်ရယ်မောတာမျိုးဆိုတာ..
ဒီကလေးရဲ့ ပြုံးနေတဲ့မျက်ဝန်းတွေနဲ့.....
အသက်ပါလွန်းသော အပြုံးတွေက ညွှန်ပြနေသည်....
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...