(Unicode)"Gxxod!!"
အတန်းချိန်ပြီးလို့ ကျောင်းကရေကူးကန်မှာ
စိတ်ရှိလက်ရှိ ပျော်မြူးအပန်းဖြေနေလိုက်တာ အိမ်ပြန်တော်တော်နောက်ကျသွားတယ်...ဧည့်ခန်းရှေ့ကအဖြတ် Daddyရဲ့မအော်စဖူးအော်ဟစ်နေမှုကြောင့်
ကြည့်လိုက်တော့...လွန်ခဲ့တဲ့ ၃ရက်က အမေရိကမှာကျင်းပတဲ့ ကုမ္ပဏီစုံမိတ်ဆက်ပွဲကို Daddyကိုယ်စား
အခန့်သားသွားလာတဲ့ သူမဟုတ်တဲ့အတိုင်း
မျက်နှာတပြင်ဖူးရောင်ပြီး ကြည့်ရဆိုးနေတဲ့
P'Gxxod...အဲ့မှာသိုင်းချလာတာများလားပဲ....
"Perth မင်းလဲလာဦး"
"Daddyနော် ကျွန်တော်ကအဲ့လိုပွဲတွေမှ
မတက်ချင်တာ ဒါကြောင့်မသွားတာလေ ကျွန်တော့်ကိုပါ ရောဆူဖို့မစဉ်းစားနဲ့"P'Gxxodဘေးက နေရာလွတ်ကိုကျော်ကာ
Daddyဘေးတွင်ဝင်ထိုင်ရင်း တဆက်တည်း
ပြောလိုက်တော့ မျက်မှောင်ကုပ်ကြီးနဲ့ Daddyမျက်နှာက အနည်းငယ်တော့ ပြေသွားသည်...ကိုယ့်ကို ပြောတော့မယ်ဆိုတာ ကြိုသိနေတော့ အငယ်ဆုံးဆိုတဲ့ powerကို သုံးရတော့တာပဲ...perthက ဂျစ်တသ်တစ်လေးမို့ daddyက အလျှော့ပေးရှာပါတယ်...
"ဒါပေမဲ့ တချိန်ကျရင် သားမလုပ်ချင်လဲဒါတွေလုပ်ရမယ်လေ ခုတော့ကြည့်စမ်း မင်းမသွားလို့ မင်းအကိုကိုလွှတ်လိုက်တာ
ကောင်းလား"မကောင်းပါဘူး...ဒီလောက်ဖူးရောင်ပြဲကွဲနေတာ တရေးနိုးမြင်ရင်တောင် လန့်သေမယ့်ရုပ်...
"သိပ်လဲမဆိုးပါဘူး ဟားဟား"
"Perth!!"
"အွန်း... P'ကဘာဖြစ်လာတာလဲ"
"အသုံးမကျတဲ့အလုပ်လုပ်လာတာလေ"
"Uncle! သူနဲ့ကျွန်တော့်အကြောင်းကို
အကုန်မသိပဲနဲ့ မဝေဖန်ပါနဲ့ဗျာ သူ့ကြောင့်..
သူ့ကြောင့်သာမဟုတ်ရင်...""Gxxod! ငါလဲသိသင့်သလောက်သိထားတယ် မင်းမာမီဆီကနေ,ငါထင်တာတော့ မင်းတို့တွေ အဓိပ္ပါယ်မရှိတာကိုပြိုင်ဆိုင်ခဲ့ကြတာပဲ...ပြီးတော့ တဖက်ကမိန်းကလေးနဲ့ သူနဲဲ့လဲ ဇာတ်လမ်းပြတ်သွားပီ အဲ့မိန်းကလေးတောင် ခုဘယ်ရောက်နေမှန်းမသိဘူးမဟုတ်လား....တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေဖို့လိုသေးလို့လား"
![](https://img.wattpad.com/cover/198561105-288-k465981.jpg)
YOU ARE READING
Be in love❤️🖤
Literatura FemininaPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...