Part-7

1.3K 86 8
                                    


(Unicode)

Perthလာရာလမ်းအတိုင်း ပြန်လှည့်သွားဖို့ တွေးမိပေမဲ့ မိနစ်ပိုင်းအကြာထိ အခန်းရှေ့တည့်တည့်မှာ ငြိမ်ချက်သားကောင်းနေတဲ့ နောက်ကျောပြင်ကြီးကြောင့် ဘာကိုစိတ်ဝင်တစားကြည့်နေလဲဆိုတာကို......စပ်စုချင်လာသည်....

စပ်စုတာ...အင်း..ဒါက ဒီနတ်ဆိုးနဲ့မှ အထူးတလည် လုပ်ယူမိတာ...တခြားသူတွေနဲ့ဆို ဘယ်တော့မှမစပ်စုဘူး...စူးစမ်းရုံပဲ...

စ,လာကတည်းက တယောသံကြားနေရတာ
ဘယ်သူတီးနေမှန်းတော့ မသိ...သိလည်းမသိချင်..ဒါပေမဲ့ ဒီကြမ်းကြုတ်တဲ့နတ်ဆိုးကိုယ်တိုင် ငေးကြည့်နေတဲ့သူဆိုတော့....

ခြေသံဖော့နင်းပြီး အနားကိုကပ်သွားလိုက်တော့ ဂုတ်ပိုးပေါ်က ချွေးစက်လေးတွေ....

အနောက်ကနေ အနီးကပ်ကြည့်မှ...
'နောက်ကျောပြင်ကျယ်ကြီး'ဟု သူမှတ်ယူခဲ့တာ...သိပ်မမှန်ချင်ကြောင်း လက်တပွေ့စာ ခါးသွယ်သွယ်က ပြောလေသည်....

အော်.....

အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ 'အော်...'လိုက်ခြင်းမှာ အခန်းထဲကလူက
P'Bowဖြစ်နေတာကြောင့်....

မျက်လုံးများစုံမှိတ်ထားရင်း..သံစဉ်နောက်မျောနေရှာသည့် P'Bowကို..ငေးရတာ
စိတ်ဝင်စားဖို့ ကောင်းလို့လား....?

ပုခံုး‌ေပါ်‌ေမးမတင်ရုံတမယ် အနောက်ကနေ ကျော်ကြည့်နေတာကိုလည်း သတိမထားမိဘူးထင်သည်...

အင်းပေါ့...ငမ်းမှာပေါ့..
P'Bowက နူးညံ့စွာလှပခြင်းမျိုးမဟုတ်ပေမဲ့
စမတ်ကျပြီး သန့်သည်...ဆွဲဆောင်မှုရှိတယ်လို့ ပြောရမည်.....

"အိုး..မား!"

ဟင်..?

ရုတ်တရက်ကြီး ဆတ်ကနဲ လှည့်လာတာမို့
Perthလန့်အော်မိမလိုပေမဲ့ ထိုသူ့ဆီမှာ ရှိနိုင်မယ်မထင်ထားတဲ့ မျက်ဝန်းတွေ....

မျက်ရည်ကြည်တို့ ရစ်ဝိုင်းနေတဲ့ ထိုမျက်ဝန်းတွေ...အသားဖြူလွန်းတာကြောင့် နှာသီးထိပ်လေး ရဲနေတဲ့ထိုမျက်နှာကို ကြည့်ကာ
'ဟင်'ကနဲ ဖြစ်သွားရသည်....

ဒီလူဘာဖြစ်တာလဲ?....

ကြည့်နေရင်းကပဲ ပါးပြင်တဖက်ပေါ် ပေါက်ကနဲကြွေကျသွားတဲ့ မျက်ရည်ဥကို
ပီသစွာမမြင်လိုက်ရ...

Be in love❤️🖤Where stories live. Discover now