Part..31(A)

1K 94 26
                                    

အူထဲအသည်းထဲကနေပါ လှိုက်လှိုက်ပီး ချစ်နေရတာ..မြတ်နိုးနေရတာတေကို..ဘယ်လိုစကားလုံးနဲ့ သရုပ်ဖော်ရမလဲ..ကောင်လေး..❤

"စိတ်ပါလက်ပါစားလေကွာ.."

"ဘယ်လိုလုပ်စားဝင်မှာလဲ.."

"မဝင်လဲ ဝင်အောင်မြိုချ"

"ငယ်ကလဲဗျာ~~~~~"

ညည်းသံလား ချွဲသံလား မကွဲပြားတဲ့ အသံအီအီက နားထဲတွင်ကန့်လန့်ဝင်လာသည်...ထမင်းစားပွဲမှာ
စူပုတ်ပီး ငိုချတော့မတတ်ပုံနဲ့..perthက ခြေကိုပါ နှစ်ချက်သုံးချက်ဆင့် ဆောင့်အောင့်လိုက်သေးသည်....

မနက်ဖြန်ခရီးသွားရမှာကို အကြောင်းပြပီး..ဂျစ်နေတာ တော်ရုံမဟုတ်တော့...ပြောသမျှစကားကို ဘုကလန့်ပြန်ပြောပီး ကလေးဆိုးကြီးလို လုပ်နေတာ..

ညနေကမှ အကောင်းကြီးကို ညမိုးချုပ်တော့ ထ,ဖောက်တော့တာပဲ...

"၃ရက်၄ရက်ဆိုတာ ခနပဲလေ..perth..အကြာကြီးဝေးရမှာမှမဟုတ်တာ..အဲ့လိုကြီးလုပ်မနေနဲ့တော့"

"ငယ်က နေနိုင်တော့..ပြောအားရှိတာပေါ့..ကျွန်တော်ကသာ..."

ဇွန်းခက်ရင်းကို ပြန်ကောက်ကိုင်ပီး perthက ပြောလက်စ,စကားကို ရပ်လိုက်သည်...ခေါင်းကြီးငုံ့ပီး ထမင်းကို တို့ကာထိကာရယ်  လုပ်နေတော့..ဒီကလူက မြိုမကျတော့....

"ထမင်းသေချာစားကွာ နော် လိမ္မာတယ်"

"ကျွန်တော်..မသွားလို့..မရဘူးလား "

"ဘာ! ဒီနေ့တနေ့လုံး..ငါအလုပ်တောင်မလုပ်ဘဲ မင်းစိတ်ကြိုက်နေပေးပီးပီလေ perth..ဒီခရီးလေးသွားရမှာကို ဘာဖြစ်နေတာလဲ ဒီလို ပျော့ညံ့နေရင် နောက်ကျ မင်းcompanyကို ဘယ်လိုဦးစီးမလဲ ဟမ်..."

"ဟုတ်ပါတယ်...ကျွန်တော်ကပျော့ညံ့တာပါ..ကျွန်တော်တယောက်တည်း ဖြစ်ပျက်နေတာ..ငယ်ကတော့ ဂရုတောင်မထားဘူးမလား"

"Perth..ငါက.."

ပြန်ပြောမယ့်စကားတေက လည်ချောင်းဝမှာတစ်သွားသည်...တန်ပြန်စိုက်ကြည့်လာတဲ့ ကောင်လေးမျက်ဝန်းထဲမှာ မျက်ရည်တေဝိုင်းတက်နေပီမလား..

ဘုရားရေ...ဒီကောင်လေးက ဘာတေကို ဘယ်လိုတွေးပီး ငိုချတော့မတတ် ဝမ်းနည်းနေတာလဲ...

Be in love❤️🖤Where stories live. Discover now