Part-19😚

1.7K 101 57
                                    

"ငယ်​ ဒီတိုင်းကြီးပဲ​နေ​နေ​တော့မှာလား ခါး​တွေ​ညောင်း​မ​နေဘူးလား"

"ဟင့်​အင်း."

ပြောမထွက်​နိုင်​စရာ ရိုမန့်​တစ်​ဆန်​ဆန်​ အချစ်​စကား​တွေ ဖွင့်​ဟဝန်​ခံ၍ တက်​ညီလက်​ညီ နမ်းရှိုက်ပီးကြတဲ့​နောက်​......

Saint တ​​ယောက်​ Perth​ပေါင်​​ပေါ်တွင်​ တနည်းအားဖြင့်​ Perthရင်​ခွင်​ထဲတွင်​ ​တ​စောင်းဝင်​ထိုင်​ရင်း ​ပုခုံး​ပေါ်​ခေါင်း​မှောက်​ကာ မျက်​နှာကိုအတင်းဖွက်​ထား​​တော့သည်​.....

ခန္ဓာကိုယ်​တ​စောင်းအ​နေအထားကို ရင်​ခွင်​ထဲမျက်​နှာအပ်​ထားခြင်းမျိုးမဟုတ်​ပဲ ​လျော့တိ​လျော့ရဲနဲ့ ကုပ်​ကပ်​ပီး ပုခုံး​ပေါ်မျက်​နှာအပ်​ထားတာမျိုးမို့
ခါး​တေ​ညောင်း​နေမှာအ​သေအချာ...

"ငယ်​လို့...​ခါး​တေကိုက်​​နေမယ်​ ဒီလိုကြီးက"

" ကျစ်​..မ​ညောင်းဘူးဆိုကွာ!"

လေသံကတိုး​ပေမဲ့ ချွဲအီ​နေတာမျိုးမဟုတ်​...
အပြစ်​တင်​တဲ့မာန်​မ​ပျောက်​....

"ဘာလဲ..ရှက်​တာလား"

"ရှက်​စရာလား..မိန်းမလည်းမဟုတ်​ ဟက်​"

"ရှက်​​နေတာကိုး..ဟာဟ အဲ့ဒါရှက်​တာ​ပေါ့ဟုတ်​လား..ကျွန်​​တော်​မရှက်​တတ်​လို့သင်​​ပေးပါဦး..
ဟား...ဟား..ဟင်​..ဘလိုရှက်​ရလဲ အင်​..ဟင်​"

"မရှက်​ဘူးလို့..​ပြော​နေတယ်​​လေ!! အခွက်​​ပြောင်​​နေတယ်​ဟုတ်​လား.."

အော်​ရင်း..လက်​သီးဆုပ်​တို့နဲ့ ​နောက်​​ကျောကို
ထုလာ​တော့..​ကျောပင်​​ကော့သွားရသည်​...ကျွန်​​တော့်​လူကစိတ်​ဆိုးလို့..ချစ်​စနိုး​လေးထုရိုက်​မယ့်​..လူမျိုးမှမဟုတ်တာလေ🥴

"အ..​အာ နာလိုက်​တာ! ​ကျောက်​ကပ်​​တေ​ကြွေကုန်​​တော့မှာပဲဟ "

"မင်းဘာလို့အခွက်​လာ​ပြောင်​လဲ!"

စကား​ပြောလိုက်​​တော့ ပုခုံး​ပေါ်တင်​ထားတဲ့
မေး​စေ့​လေး​လှုပ်ခတ်သွားတာ ခံစားရသည်​..အင်း..နှုတ်​ခမ်း​ထော်​​ထော်​ကလည်း ပုခုံးသားကိုလာထိ​နေသလိုပါပဲ...

Be in love❤️🖤Where stories live. Discover now