Part-14

1.3K 95 14
                                    

(Unicode)

'ဒေါက် ဒေါက်...'

ကားမှန်ကို လက်ဆစ်တို့နဲ့ ထုခေါက်လိုက်ရင်း ကားထဲတွင် မျက်မှန်အနက်ကြီးဖြင့်...
styleအပြည့်နဲ့ လက်ပိုက်ထိုင်နေသူကို
ခေါင်းစောင်းကြည့်လိုက်သည်.....

မကြားဘူးလားဟ....

ကားတံခါးကို ထပ်ခေါက်လည်း...
ရှေ့တည့်တည့်ကိုသာ မျက်နှာမူရင်း ကျောက်ရုပ်ကြီးလိုငြိမ်သက်နေသူက အိပ်ပျော်နေတာလား...အတွေးလွန်နေတာလားမသိ...

"ဒီမှာ ဒီမှာ.."

"အမလေး!"

လက်ဝါးနဲ့ပါ ကားမှန်ကို ရိုက်ပုတ်ခေါ်ရင်း အသံပြုတော့ ဆတ်ခနဲ လှည့်လာကာ
ကားမှန်နား ကပ်ကြည့်နေသော ကိုယ့်မျက်နှာအနား သူ့မျက်နှာက ဘွားကနဲ.....

"ဝင်"

"......"

"ငါရောက်လာတာ ဘယ်လိုသိလဲ"

"ကျွန်တော့်အကိုတစ်ယောက်ပြောပြလို့"

"အော်..မင်းကိုdinnerစားဖို့Bowကခေါ်ခိုင်းလို့"

"ဘာရယ်..ဒါဆိုခင်ဗျားကP'Bowခေါ်ခိုင်းလို့လာခေါ်တယ်ပေါ့"

"အင်း..ငါတို့နှစ်ယောက်dinnerသွားစားမလို့..ထွက်လာရင်းက မင်းကိုသတိရလို့"

"ကျစ်"

"ဘာဖြစ်တာလဲ"

Perthဘာမှမပြောဘဲ ကားပေါ်မှဆင်းရန်ပြင်သည်...ဘာတဲ့ လာခေါ်ခိုင်းလို့ခေါ်ရတာ...
ဟက်...P'Bowကသူ့အမေလား...

သူ့စိတ်က မခေါ်ချင်ပါပဲနဲ့တော့အောက်ကျနောက်ကျခံပီး မလိုက်နိုင်ပါ....

"ခင်ဗျား ခုဖွင့်ပေးနော် ကျွန်တော်မလိုက်ဘူး"

lockချထားသည့်တံခါးကို မဖွင့်ပေးတဲ့အပြင်
လူကို မျက်မှောင်ကုတ်ကြည့်သည်...

"ဘာလဲ"

"ချက်ချင်းကြီးဘာဖြစ်တာလဲ မင်းခုနကတော့ လိုက်ဖို့ကားပေါ်
တက်လာတာမလား"

"ခု မလိုက်ချင်တော့လို့ပေါ့ဗျာ"

Perthအော်ပြောလိုက်ရင်း ကားမှန်ဘက်ကို
လှည့်ကာ ဆင်းဖို့ကြိုးစားသည်...တားမလားလို့ တွေးမိပေမဲ့.......အသံတစက်မှထွက်မလာ...

Be in love❤️🖤Where stories live. Discover now