(ဒီအပိုင်းရဲ့ တစိတ်တဒေသအတွက်
ကြိုတင် warning🔞🔞ပေးပါတယ်)..........
မင်းဖြစ်လို့ပဲ ချစ်ခဲ့ပြီး မင်းဖြစ်နေလို့ပဲ ပြိုလဲချင်ခဲ့တာပါ....❤️
" P'လည်း companyသွားရင်း ဝင်လာခဲ့လိုက်တာ.... Saintမျက်နှာတောင် ပြန်ပြည့်
ေဖာင်းလာပြီပဲကွ တအားတွေကိုယ်ဖိရင်ဖိ ပြုစုထားတယ်ဟုတ်လား "ဂုတ်ပိုးကို လာရိုက်ပြီး ရယ်မောပြောဆိုလာတဲ့ P'gxxodရဲ့လက်ကို ဆွဲကာ လူနာကုတင်နဲ့ ခပ်လှမ်းလှမ်းဘက်သို့ ခေါ်လာလိုက်သည်...
ခုမှ မနက်၆နာရီပဲရှိသေးတာမို့ ငယ် အိပ်နေတုန်းလေ... ညက မျက်လုံးကြောင်ပြီး တော်တော်နဲ့မအိပ်ခဲ့တာကြောင့် ငယ့်ကိုမနိုးစေချင်တဲ့ စိတ်..အိပ်ရေးဝ,စေချင်တဲ့စိတ်ပါ...
"အင်း ငယ်လည်း တော်တော်လေး သက်သာနေပါပြီ ဆေးရုံဆင်းချင်ဆင်းလို့ရပြီလို့တော့ ပြောတယ် ကျွန်တော်ကတော့ တစ်ရက်နှစ်ရက် နေစေချင်သေးတာ ငယ်က တစ်ချက်တစ်ချက် ရင်ဘတ်ကဒဏ်က နာတယ်ဆိုလို့"
"အေးကွာ စိတ်ချရမှ ဆင်းတာလည်းကောင်းတယ် မင်းခြေထောက်ရော ...."
ပြောရင်းဆိုရင်း ခြေထောက်ကို အားနဲ့ လာညှစ်ကိုင်ကြည့်တဲ့ P'ကြောင့် perthအော်မိတော့မယ့်ဆဲဆဲ ပါးစပ်ကိုလက်နဲ့အုပ်ချလိုက်ရသည်...
"နာတယ် P'ရ ဘာလုပ်တာတုန်း"
"ရန်တွေ့မနေနဲ့ မင်း ဒဏ်ကျန်သေးတယ်နော် ဟေ့ကောင်....ကိုယ့်ဟာကိုယ်လဲဂရုစိုက်ဦး"
"အင်းပါဗျ "
"ဒါနဲ့ fern ဒီကိုပြန်ရောက်နေတာ သိပြီးပြီလား"
".........."
Perthမျက်နှာပျက်ပြီး ခနတာမဲ့သွားတာကို အကင်းပါးတဲ့ Gxxodတစ်ယောက်မြင်ပါသည်....တကယ်တော့ အရင်တစ်ခေါက် perthအိမ်ပြန်လာကတည်းက ဝမ်းနည်းနေပုံပေါက်လို့ မေးကြည့်ချင်ခဲ့တာ....
ဘူးပဲ ခံငြင်းနေတော့ သူလဲမတတ်နိုင်ခဲ့.....
"fernကို မင်းမသိစရာတော့မရှိပါဘူးနော် "
"သိတယ် တွေ့လည်းတွေ့ပြီးပြီ "
"ဟား ငါတွေးတာထက်တောင်မြန်နေသေး...ဘယ်လိုလဲ အခြေအနေ..."
![](https://img.wattpad.com/cover/198561105-288-k465981.jpg)
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...