Part..35 (B)❣️

1K 75 53
                                    

"အွန်းးးး ဟင်းး ဝှါးးးး"

ကွေးကွေးလေးအိပ်နေရာကနေ saintခြေတွေလက်တွေကို အားရပါးရ ဆန့်ထုတ်ပီး အညောင်းဖြေလိုက်သည်....

လင်းချင်းစွာလှုံ့ဆော်နေတဲ့ နေရောင်ခြည်ကို ကျင့်သားမရဟန် မျက်လုံးလေးတွေကို မှေးထားပီး ကောင်းကောင်းမဖွင့်သေး...

တဖန် လက်သီးလေးတွေဆုပ်ပီး လက်နှစ်ဖက်ကို ဆန့်ကာ အကြောဆန့်တော့ ဘေးက ကောင်လေးရဲ့ ပါးကို သွားထိသည်...

"အာ ကျွတ် ကျွတ်..."

မျက်မှောင်တွေကုပ်သွားတဲ့ ကောင်လေးနိုးမှာစိုးတာနဲ့ အိပ်ချင်မူးတူးနဲ့ပဲ ကောင်လေးလက်မောင်းပေါ် ခေါင်းတင်, ရင်ခွင်ထဲတိုးဖက်ပီး တကျွတ်ကျွတ်အသံပြုလိုက်သည်...

ငြိမ်သွားတော့မှ မြင်လွှာနဲ့အနီးဆုံးဖြစ်သည့် ရှေ့က ရင်အုပ်ကျယ်ကျယ်ကို ငေးနေမိသည်...

ဂတုံးဆံပင်မဟုတ်တော့ဘဲ ကောင်လေးက ဆံပင်နည်းနည်းပြန်ရှည်လာခဲ့ပီ....သူ့styleဆို အပျက်မခံတဲ့ ဆရာသမားက နားကပ်တဖက်ကို နားမှာတပ်လို့ cool guyပုံစံဖမ်းပီး ဂေါ်နေသည်လေ...

အရင်ဆို ကိစ္စမရှိပါဘူး ခုက ကိုယ့်မျက်လုံးထဲလည်း ပိုချောပီး ပိုsmartကျလာသလို ဖြစ်နေတာကြောင့် ဒင်းလေးကို စိတ်မချချင်တော့တာ...

ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေတုန်း ခါးကနေပိုင်ပိုင်နိုင်နိုင် သိမ်းဖက်လိုက်သည့်
ကောင်လေးကြောင့် ရုတ်တရက် အင့်ကနဲတောင် ဖြစ်သွားသည်...

ထို့နောက် ယောကျာ်းဆန်ဆန်ကိုယ်သင်းနံ့ကို
ကောင်လေးရဲ့ လည်တိုင်နားမျက်နှာအပ်ပီး ရှူရှိုက်မိချိန်တွင် ရင်တခုလုံး ဗရမ်းဗတာနဲ့ ခုန်ပေါက်သွားသည်...

ကောင်လေးနဲ့ဘယ်လောက် အနေနီးနီး ရင်ခုန်နှုန်းတွေကော စိတ်တွေကော
မတည်ငြိမ်နိုင်သေး...

ရင်ခုန်စိတ်လှုပ်ရှားနေရတာကိုက ချစ်ခြင်းရဲ့ အစိတ်အပိုင်းတခုပဲမလား...

"အင်းးးး"

အိပ်ရင်း ယောင်သံလို ညည်းသံမျိုး
ကောင်လေးဆီက ထွက်လာတော့ သူ
ကောင်လေးကိုမော့ကြည့်လိုက်သည်....

Be in love❤️🖤Where stories live. Discover now