"ငယ်..breakfastစားသွားဦး..လာ..ဒီမှာ ငယ်ကြိုက်တဲ့...."
"Perth..ကိုယ်သွားတော့မယ် အလျင်လိုနေလို့"
"အာ..ဟုတ်လား"
"အွန်း sorryနော် ပီးတော့ ညစာလည်းပြန်လာစားဖြစ်မှာဟုတ်ဘူး မစောင့်နဲ့တော့"
"ဒါဆို အရင်လိုပဲနောက်ကျမြှပန်လာမှာလား"
သူ့ပုံစံက သနားစရာကောင်းတဲ့ ကလေးတယောက်လိုများ ဖြစ်သွားလားမသိ..လက်တဖက်က ဖုန်းနှင့်ကုတ်အကျီတို့ကို စုကိုင်ထားရင်း
ကပျာကယာ ဖိနပ်ကြိုးချည်နေရာမှ ငယ်သည် သူရှိရာလျှောက်လာကာ အကြည့်ချင်းဆုံစေ
သည်..."ကိုယ့်ကိုနားလည်ပေးနော်..ပရောဂျက်အသစ်
ကိစ္စနဲ့ အရမ်းအလုပ်ရှုပ်နေတာ""kharp..ကျွန်တော်သိပါတယ်"
ဟုတ်တယ်...ကျွန်တော်သိတာမှ အလွတ်တောင်ရနေပါပီ..'အလုပ်ရှုပ်နေလို့'ဆိုတဲ့ စကားလုံးက ကျွန်တော်နဲ့ငယ့်ကို စည်းခြားခဲ့တာ နှစ်ပတ်လောက်ရှိပီ....ငယ် အရမ်းပင်ပန်းနေတာကျွန်တော်သိတယ်..ဒါကြောင့်... ကျွန်တော်လုပ်ပေးနိုင်တာ ဘာမှမရှိတာကြောင့်......
"ရသွားပီ..လှလိုက်တာဒီဖိနပ်လေးနဲ့"
ကလေးဆန်ဆန် ဝဲတက်လာတဲ့ မျက်ရည်စ,တချို့နဲ့ ငယ့်ကိုစိတ်မညစ်ညူးစေချင်တာမို့ မြနိမြန်ပဲ ငုတ်တုတ်ထိုင်ချပီး ငယ့်ဖိနပ်ကြိုးကို ချည်ပေးရင်း သဘောတကျရေရွတ်လိုက်မိတယ်....
'ငယ်စီးထားတာ လှပတဲ့ခြေချောင်းလေးတေမပေါ်တဲ့ ဘွတ်ဖိနပ်ဆိုပေမဲ့........'
"ကျေးဇူး..ထပါဦး...ဟင်..ကြည့်စမ်း မျက်နှာကချောင်ကျသွားသလိုပဲ..ဒီကောင်လေးတော့ အစားရောမှန်ရဲ့လား.."
မျက်နှာကို လက်နှစ်ဖက်နဲ့ညှပ်ကိုင်ကာ စိုးရိမ်တကြီးမေးနေတဲ့ ငယ့်ကို ရင်ခွင်ထဲ ဆွဲသွင်းပီး တင်းတင်းဖက်လိုက်မိတယ်...လွမ်းလိုက်တာ..တအိမ်ထဲအတူနေနေတာတောင် နှစ်ပတ်လုံးလုံး မျက်နှာချင်းမဆိုင်နိုင်ခဲ့ဘူး...ငယ့်ရဲ့အာရုံအလုံးစုံက စာရွက်စာတမ်းတေနဲ့ ကွန်ပြူ တာပေါ်မှာသာ ရှိနေခဲ့တာ..သူနဲ့စကားတလုံးတောင်မပြောနိုင်တဲ့အထိ.....
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...