(Adult sceneလေး သေးသေးလေးပါလို့ ကလေးတွေက ဖတ်ပီးရင် မဖတ်ဘူးပဲ လိမ်ပါ...)
"ငယ် ထွက်လာပီ"
စာမေးပွဲခန်းထဲကနေ တရွေ့ရွေ့လျှောက်လာနေတဲ့ Saintဆီ Perthအပြေးလေးသွားလိုက်တယ်...နေရောင်ခြည်နုနုက Perthမျက်နှာပေါ်က အပြုံးတွေကို ပိုလင်းစေတော့ eye smileလေးနဲ့ သွားညီညီတန်းတန်းလေးတွေ ပိုင်ဆိုင်ထားတဲ့ ကောင်လေးကို Saintကြည့်မဝ......
"အဆင်ပြေလားငယ်.."
"အွန်း.."
Saintက ဖြေရင်း အရှေ့ကို လည်ပင်းမျှော်ကြည့်တော့...ချောင်ကျနေတဲ့ ပါးမို့လေးကို လက်နှစ်ဖက်နဲ့ ညှပ်ကာ ဆွဲယူလိုက်သူPerth....
"ဘာလဲ ငယ့်အတွင်းရေးမှူးကို ရှာနေတာလား...လာကြိုပါတယ်ဗျာ...ဟိုမှာ"
"အော်."
"မအော်နဲ့...ကျွန်တော့်ကို မကြိုခိုင်းဘဲ ဘာလို့ သူများကိုလဲ.."
Perth tanaponတို့ မျက်နှာကမဲ့ရွဲ့လာပီမို့..Saint..Perthပုခုံးပေါ် ကိုယ်ကို မှီနွဲ့လိုက်ပီး ကောင်လေးရဲ့လက်မောင်းကိုပါ လက်နှစ်ဖက်နဲ့...တင်းနေအောင်လဖက်တွယ်ထားလိုက်တယ်...
"မင်းပင်ပန်းမှာစိုးလို့.."
လေသံတိုးတိုးလေးရဲ့နောက် ခပ်အိအိ ကိုယ်လုံးလေးကို ခါးကနေထိန်းပေးရင်း Perthရင်ထဲ ကလိကလိ ဖြစ်လာရသည်... ငယ်က အော်ဟစ်ပီး ရန်ပြန်တွေ့နေရင်လဲ ချစ်ဖို့ကောင်းသလို ခုလို ခပ်အေးအေးလေးနဲ့ လူကိုချွဲရင်လည်း မြတ်နိုးဖို့ကောင်း
ပြန်သည်...."မင်းလဲ စာမေးပွဲပီးတုန်းလေးနားချင်မှာပဲလေ..ငါမခိုင်းချင်ပါဘူး...ငါကမင်းကိုနားေစချင်တာ..ငါက..အမလေး!!!"
ပုခုံးထက်မျက်နှာအပ်ရင်း ပွစိပွစိနဲ့ ပြောချင်တာ ပြောနေသမျှ ပေါင်အောက်လက်လျှိုသွင်းပီး ပွေ့ချီလိုက်တော့မှ အာမေဋိတ်သံနဲ့...မျက်လုံးလေး ပြူးကြည့်လာတဲ့ ငယ်....
"Perth..ရှက်စရာကြီး"
"ရှက်ရင် ဖက်ထား.."
"ဟာ.."
ရှက်ဝဲဝဲအသံလေးနဲ့..ထ,အော်တော့ အသဲယားတာမို့ မျက်နှာကိုငုံ့မိုးလိုက်ပီး နဖူးချင်းတိုက်လိုက်မိသည်...လူကို ဘုကြည့်ကြည့်နေတဲ့ မျက်နှာရဲရဲလေးနား ပိုကပ်လိုက်တော့ ရင်ဘတ်ကအကျီစကို လုံးစုချေရင်း မျက်နှာကို ရင်ဘတ်တွင်အပ်ကာ ဝှက်ပစ်သည်....
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...