Part...💔

1.4K 98 34
                                    

bellတီးတဲ့အသံက နားမခံသာအောင်ကို ကျယ်လာတာမို့ ကျိန်းစပ်စပ်မျက်လုံးတေကို လက်ဝါးနဲ့အတင်းပွတ်သုတ်ပီး ငုတ်တုတ်ထထိုင်လိုက်ရသည်....

ပြူးပြဲ ကြည့်တော့မှ ညကဆိုဖာပေါ်မှာပင်အိပ်ပျော်သွားခြင်း....ငယ် တခုခု‌ကြောင့်ပြန်လာလျှင်ပဲဖြစ်ဖြစ် သိရစေရန် ရည်ရွယ်၍...

"ဘယ်သူလာတာပါလိမ့် ငယ် လဲမဖြစ်နိုင်တာကို"

နာနေသော ခါး‌ကြောင့် အနည်းငယ်ကုန်းကွကွနဲ့ အိမ်တံခါးသွားဖွင့်တော့....

"သားPerth"

"မား!! မားက  ဒီကို.."

"သားရဲ့စီနီယာ‌အကိုရော.."

"ဟို ငယ် အဲ P' က မရှိဘူးမား ဘာလို့မေးတာလဲ P'ကို"

အိပ်ချင်နေသည့် စိတ်များပင်ပျောက်သွားရသည်က ....အရှက်အ‌ကြောက်ကြီးလွန်းသည့် မားက ခုလို မနက်အစောကြီး သူများအိမ်ပေါက်ရှေ့ရောက်နေခြင်း‌ကြောင့်လား...ပြုံးနေသော်လည်း သူ့အားထိုးဖောက်မတတ် ကြည့်နေသော‌ကြောင့်လား.....

"အထွေအထူးမဟုတ်ပါဘူး ဒီလိုပဲ သားကိုစောင့်ရှောက်ပေးတာ ကျေးဇူးတင်လို့"

"......kharp"

"အိမ်ထဲပေးဝင်ဦးလေ"

"အာ kharp"

အေးစက်စက်အခြေအနေကြီးက ကိုယ့်ဘက်ကပဲ ဖြစ်နေတာလားးး ချစ်သူရည်းစားနဲ့ အတူနေတဲ့အိမ်ကို အမေတယောက်လုံး လိုက်လာတာဆိုတော့လဲ...

"မား ဒီမှာခနထိုင်နော် "

ပြုံးပြနေသော မားအား မဝံ့မရဲ ခေါင်းငြိမ့်ပြပီး သန့်စင်ခန်းထဲပြေးရသည်...လမ်းမှာခလုတ်တိုက်စရာဖြစ်နေသော, ညကရုန်းရင်းဆန်ခတ်အခြေအနေ၏ ပြယုဂ်ဖြစ်သည့် တို့လို့တွဲလောင်း အ၀တ်များကို တစ,စီလိုက်ကောက်ရင်း ဣနြေ္ဒရမှာလဲမဟုတ်.....

"မင်း‌ကြောက်နေတာလား"

မှန်ထဲကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်ရင်း ခေါင်းခါသည်...သူကြောက်နေတာမျိုးမဟုတ်....သူ...သူ..မားကို အားနာနေခြင်းသာ....

သားရွှေဥကလေးက ယောကျာ်းတယောက်ကိုတုန်တက်နေအောင် ချစ်နေခြင်းအပေါ်...
ကျရှုံးနေမိခြင်းအပေါ်.....

Be in love❤️🖤Where stories live. Discover now