He is so annoying but ..
I'm distracted without him!...🖤"ငယ်..ငယ်..ဘာဖြစ်လို့တုန်း..ခန"
လက်ကို အတင်းဆွဲပီး ခေါ်နေသည့် Saintနောက် perthကရောသောပါး လှေကားထစ်တေပေါ်မှ ကျော်ခွလိုက်လာရသည်....
Saintရဲ့ ဦးတည်ရာက ထမင်းစားပွဲဆီ...
"Perth..ဟိုလေ..."
".....အင်း.."
မေးငေါ့ပြပေမဲ့ ပြောဖို့ထစ်နေတဲ့ပုံကြောင့် perthစကားထောက်ပေးလိုက်သည်...
"ငယ်လေ.."
"ငယ် ဟင်းချိုချက်တာ ဒီလိုလေးဖြစ်သွားတယ်"
ပေါင်းအိုးအဖုံးကို လှစ်ခနဲ ဟလိုက်တာနဲ့...ထောင်းခနဲထွက်လာတဲ့အနံ့ဟာ ညှီစို့စို့...
"ငါးဟင်းချိုလေး သောက်ချင်တာနဲ့လေ...လုပ်ကြည့်ပေမဲ့... မကောင်းဘူးထင်တယ်"
Perthနှာခေါင်းနှစ်ဖက်ကို လက်မနဲ့လက်ညိုးကြား ညှပ်ပိတ်ကာ ဟင်းအိုးအနားထိ တိုးကြည့်ပီး ခေါင်းတငြိမ့်ငြိမ့်လုပ်သည်....
ငါးခေါင်းကြီးက ပြူးထွက်နေတဲ့ မျက်လုံးတဖက်ကို မြင်နေရသည်.....ကြေးခွံအရေခွံတို့က ဟင်းချိုရည်ပေါ်တွင်ပေါလောပေါ်နေကာ ငါးက သွေးစတချို့နဲ့..
ဒါကို...ဒီလိုလေး ဖြစ်သွားတယ် တဲ့လား...
"မကောင်းဘူးနော်....မြည်းကြည့်မလား"
"ဟိုးဟိုး...ငယ်..အာ..မမြည်းတော့ဘူးလေ နော်...အဟင်း...ဒါနဲ့..ငယ်က ကျွန်တော့်တော့ ချက်ခိုင်းတာမဟုတ်ဘူး"
အတင်းခွံ့မြည်းခိုင်းမယ်လုပ်နေတဲ့ ငယ်က ဇွန်းခွက်ကြီးကို အိုးထဲအသံမြည်အောင် ပစ်ချပီး ဟွန်းကနဲ လေတေမှုတ်ထုတ်သည်...
နှုတ်ခမ်းကို ဟိုဖက်စောင်း ဒီဘက်စောင်းနဲ့ မဲ့ရွဲ့ပြတာက စိတ်ပျက်နေပါသည်ပေါ့....
"ကဲပါ..ခု မကောင်းတော့လည်း ဘယ်တတ်နိုင်မလဲလေ နော်"
"ငါက..ခေါက်ဆွဲပြုတ်တောင် ကောင်းကောင်းလုပ်တတ်ပီဆိုတော့ အဲ့ဒါလဲ လုပ်လို့ရမယ်ထင်လို့"
"ဘာကြီး...ခေါက်ဆွဲပြုတ်တတ်တာနဲ့ ဟင်းတေပါချက်တတ်မယ်ထင်သွားတဲ့ ကောင်လေးပေါ့ အဟ ဟားးး"
YOU ARE READING
Be in love❤️🖤
Chick-LitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...